News

POST TYPE

NEWS

သင်္ကြန်ကာလ အတွင်း မုံရွာ ဆေးရုံကြီးတွင် ထိခိုက်ဒဏ်ရာရသူ ၁၆၀ကျော်ရှိခဲ့ပြီး ၇ ဦးသေ
17-Apr-2018 tagged as

မုံရွာ၊ ဧပြီ ၁၇

သကြန်ကာလ ၄ ရက်အတွင်း ထိခိုက်ဒဏ်ရာရသူ ၁၆၀ ကျော်ရှိခဲ့ပြီး လူသေဆုံးမှု ၇ မှုရှိခဲ့ကြောင်း မုံရွာပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။

ထိခိုက်ဒဏ်ရာရသူ အများစုမှာ ယာဉ်အက်စီးဒင့်နှင့် ခိုက်ရန်ဖြစ်ပွားမှုကြောင့်ဖြစ်ပြီး လူသေဆုံးမှု ၇ မှုတွင် ၄ မှုမှာ ယာဉ်မ​တော်​တဆမှု နှင့် ၃ မှုမှာ ချင်းတွင်းမြစ်အတွင်း ရေနစ်သေဆုံးမှုဖြစ်ကြောင်း မှုခင်းဌာနထံမှ သိရသည်။

မြို့မရဲစခန်းတွင် သက်ြန် ၄ ရက်အတွင်း ရဲအက် ၄၇ အများပြည်သူစိတ်ညိုညင်စေမှုဖြင့် အရေးယူမှု ၄၅မှု ရှိကြောင်း ၁၉ (င) လက်နက်ကိုင်ဆောင်မှုဖြင့်အရေးယူမှု ၅ မှုထိ ရှိသည်ဟုရဲတပ်​ဖွဲ့ထံမှသိရသည်။

  • TAGS