News

POST TYPE

NEWS

မန္တ​လေးတွင်​ အကျဉ်းသား တစ်ထောင်ကျော် လွတ်ငြိမ်းသက်​သာခွင့်ရ
17-Apr-2018



မန္တလေး၊ ဧပြီ ၁၇

မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်အ​​ရ မန္တလေးမြို့ရှိ အကျဉ်းထောင် အကျဉ်းစခန်းများမှ အကျဉ်းသူ အကျဉ်းသား တစ်ထောင်နီးပါး လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။

ဗဟိုအကျဉ်းထောင်ဖြစ်သည့် အိုးဘိုအကျဉ်းထောင်မှ အကျဉ်းသား ၄၂၈ ဦး၊ အကျဉ်းသူ ၃၂ ဦး၊ ကျောက်​ချော ကုန်ထုတ်လုပ်ရေးစခန်းမှ အကျဉ်းသူ ၁၅၁ ဦး၊ အမှတ် ၁ ထုံးဘိုကုန်ထုတ်လုပ်ရေးစခန်းမှ အကျဉ်းသား ၁၈၁ ဦး၊ အမှတ် ၂ ထုံးဘို ကုန်ထုတ်လုပ်ရေးစခန်းမှ အကျဉ်းသား ၁၃၆ ဦးတို့ လွတ်မြောက်ခဲ့သည်။

တိုင်းအတွင်းရှိ အကျဉ်းထောင်များအနေဖြင့်လည်း မိတ္ထီလာအကျဉ်းထောင်မှ ၆၀ ကျော်၊ ရမည်းသင်းအကျဉ်းထောင်မှ ၅၀ ကျော်၊ စဥ့်ကိုင် ဘဲလင်းအကျဉ်းထောင် ၁ မှ ၁၀၀ ကျော် အမှတ်၂ မှ ၉၀ နီးပါး၊ မြင်းခြံအကျဉ်းထောင်မှ ၂၆ ဦးတို့ လွတ်မြောက်ခဲ့သည်။

အိုးဘိုအကျဉ်းထောင်မှ လွတ်မြောက်ကြသူများတွင် မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ကျနေသူအများစု၊ တပ်မတော်အက်ဥပဒေဖြင့် အကျဉ်းကျနေသူများ၊ ရဲအက်ဖြင့် အကျဉ်းကျနေသူများပါဝင်ပြီး အသက် ၇၅ နှစ်အထက် အကျဉ်းသားတစ်ဦး၊ ကျန်းမာရေးမကောင်းသည့်အကျဉ်းသားတစ်ဦး နှင့် ၂၀၁၀ ခုနှစ်က တပ်မတော် စစ်သားဘဝမှ KNU လက်နက်ကိုင်တပ်ဖွဲ့သို့ ဝင်ရောက်သွားခဲ့ပြီး မန္တလေးစွယ်တော် ဘုရား ဗုံးခွဲရန်ကြံစည်၍ သေဒဏ်ချမှတ်ခံခဲ့ရသည့် ဦးသိန်းဖော်(ခ)အရှည်ကြီးလည်း ပါဝင်သည်။

M-04