News

POST TYPE

NEWS

မူဆယ်​တွင်​ တရား​ဟော​နေ​သော ဆရာ​တော်​ကို ဓားနှင့် ထိုးခံရ
17-Apr-2018 tagged as



မူဆယ်၊ ဧပြီ ၁၇ 

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စု ကောင်းဝှက်ကျေးရွာရှိ မိုးကုတ်ဝိပသနာကျောင်းတိုက်တွင် ဆရာတော်က တရား​ဟောနေစဉ်လူတစ်ဦးက ဓါးဖြင့်ထိုး၍ ဆရာတော်ဒဏ်ရာရှိခဲ့ပြီး တရုတ်နိုင်ငံရွှေလီမြို့ရှိဆေးရုံသို့ တင်ပို့ကုသမှုခံယူနေ​ကြောင်း ရဲတပ်​ဖွဲ့မှ ​သိရသည်။

ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့ နံနက် ၇ နာရီ ၂၀ ခန့်က ကောင်းဝှက်ရွာမိုးကုတ်ဝိပသနာကျောင်းတိုက်မှ ကျောင်းတိုင်ဆရာတော် ဦးကုမာရကတရားဟောနေစဉ် အိုက်မွန်းဆိုသူရောက်လာပြီး ဆရာတော်ကို အရိုးအသွား ၁၀ လက်မရှိ ဓါးချွန်​နှင့်ထိုးပြီး ၂ လက်မပါတ်လည် သံရိုး ၄၄ လက်မအရှည်ရှိ​သည့် လှံနှင့်ထိုး၍ ဒဏ်ရာသုံးချက်ရရှိခဲ့​​ကြောင်း ဓါးနဲ့ထိုးသူ အိုက်မွန်း ၃၅ နှစ်ကိုလည်း ဖမ်းဆိးအမှုဖွင့်ထား​ကြောင်း မူဆယ်မြို့မရဲစခန်းမှူး ရဲမှူးအေးမြင့်က ပြောဆိုသည်။

ဆရာတော်ဦးကုမာရ (၆၁) နှစ်မှာ ယာဖက်နံရိုးကြားတွင်ဒဏ်ရာတစ်ချက်၊ ၀မ်းဗိုက်တွင်တစ်ချက်နှင့် ၀ဲက်လက်ဖျံတွင် ဓါးဒဏ်ရာတစ်ချက်ရရှိခဲ့​ကြောင်း စိုးရိမ်ရသည့် ဒဏ်ရာများဖြစ်သည့်အတွက် မိုးကုတ်ဝိပသနာကျောင်းတိုက် ဂေါပကအဖွဲ့က တရုတ်နိုင်ငံရွှေလီမြို့ရှိဆေးရုံသို့ တင်ပို့ကုသနေကြောင်း မြို့မရဲစခန်းမှူးက ဆက်လက်ပြောဆိုသည်။

ကောင်းဝှက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာဝင်များမှာ ဘုရားကျောင်းကန်သွားခြင်း ဥပုဒ်ဆောက်တည်ခြင်းများ ပြုလုပ်လေ့ရှိသဖြင့် အခင်းဖြစ်ချိန်တွင် ဘုန်းတော်ကြီးကျာင်းတွင် တရားနာပရိသတ်များစွာရှိနေချိန်ဖြစ်သည်။

"အိုက်မွန်းက ကျောင်းပေါ်ရုတ်တရက်ရောက်လာပြီး တရားဟောနေတဲ့ဆရာတော်ကို ဓါးနဲ့ထိုးလိုက်တာဆိုတော့ အရမ်းအံ့သြသွားကြပါတယ် လူအများကကောင်းမှုပြုနေချိန်ဖြစ်တယ် ဒီလိုတရားဟောစင်အထိလာပြီး ဆရာတော်ကိုဓါးနဲ့ထိုးတာဟာ ၇ိုင်းစိုင်းတာမျိုးဖြစ်တယ်​"ဟု ကောင်းဝှက်ရွာမှ ဦးဆမ်ငင်းက ပြောဆိုသည်။

ဆရာ​တော်​အားဓားဖြင့်​ထိုးသူ အိုက်​မွန်​အား မူဆယ်​မြို့မရဲစခန်းတွင်​ ပနံပါတ်​ ၁၂၈/၂၀၁၈ တွင်​ ရာဇသတ်​ကြီးဥပ​ဒေ ပုဒ်​မ ၂၉၅/ ၃၂၆ ဖြင့် ဖမ်းဆီးအ​ရေးယူထား​ကြောင်း ရဲတပ်​ဖွဲ့ထံမှ သိရပါသည်​။

R-07

  • TAGS