News

POST TYPE

NEWS

မိုင်းဆတ်တွင် ဘုရားဖူးယာဉ် ချောက်ထဲထိုးကျ၊ တစ်ဦးသေဆုံး
17-Apr-2018 tagged as



ကျိုင်းတုံ၊ဧပြီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ် မိုင်းဆတ်-မိုင်းပျဉ်းလမ်း ပန်ဟတ်ရွာအနီးတွင် ဧပြီလ ၁၆ ရက်နေ့ ညနေ ၃ နာရီခန့်က ပေ ၅၀ ခန့်နက်သည့် ချောက်အတွင်း ဘုရားဖူးယာဉ်ထိုးကျ၍ တစ်ဦးသေဆုံးခဲ့ကြောင်း မိုင်းဆတ်မြို့မရဲစခန်းထံမှ သိရသည်။

"မိုင်းဖုန်းဆရာတော်ကို သွားဖူးကြမယ့် ဖော်ကျူးနားယာဉ် ချောက်ထဲကျလို့ ယာဉ်မောင်းသေဆုံးပြီး တစ်ဦးဒဏ်ရာရတယ်။ကျန်တဲ့ သုံးယောက်က ဒဏ်ရာမရကြဘူး"ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်တွင် ယာဉ်မောင်းဖြစ်သူ အသက် ၅၈ နှစ်အရွယ် ဦးစိုင်းရှင်သည် သေဆုံးခဲ့ပြီး အသက် ၃၀ နှစ်အရွယ် ဦးအိုက်လူသည် ခါးနာသွား​​ကြောင်း​သေဆုံးသူ ယာဉ်မောင်းကို ယာဉ်(ပ)၁/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က ဖြင့် အရေးယူထားကြောင်း မိုင်းဆတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16

  • TAGS