News

POST TYPE

NEWS

ပေါင်းတည်နှင့် နတ္တလင်းတွင် လေကြမ်းတိုက်၊ အိမ်ခြေ၆၀၀ ကျော် ပျက်​စီး
17-Apr-2018 tagged as


ပြည်၊ ဧပြီ ၁၇


ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပေါင်းတည်နှင့် နတ္တလင်းမြို့နယ်အတွင်း လေကြမ်းတိုက်ခတ် မှုကြောင့် အိမ်ခြေ ၆၀၀ကျော် ပျက်​စီး ဆုံးရှုံးခဲ့ရကြောင်း ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦး​နေလင်းနိုင်​ကပြောကြားသည်။


သင်္ကြန်​ အတက်နေ့ ညနေငါးနာရီခန့်က လေကြမ်း ဆယ်မိနစ်ခန့် တိုက်ခတ်ခဲ့ပြီး အိမ်များအလုံးလိုက်လဲပြိုခြင်း သွပ်အမိုးလှန်ခြင်း အပြင် လူတစ်ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းဒေသခံများထံမှစုံစမ်းသိရှိရသည်။


"လောလောဆယ်တော့ အပျက်အဆီးစာရင်းတွေ လိုက်ကောက်နေပြီး ခရိုင် သဘာဝဘေးဒဏ်ကယ်ဆယ်ရေးကိုပေးဖို့ လုပ်နေတယ် စာရင်းအတိအကျရပြီဆိုရင် နိုင်ငံတော်ကနေထောက်ပံ့တာတွေလုပ်သွားမှာပါ"ဟုပေါင်းတည် အထွေထွေအုပ်ချုပ်ရေးမှူး ဦး ​နေလင်းနိုင်​ကပြောသည်။


လက်ရှိ အပျက်အစီး စာရင်းအတိအပျ ကောက်ယူနိုင်ခြင်းမရှိသေးပဲ ပေါင်းတည်မြို့နယ်အတွင်း အိမ်ခြေ ၅၀၀နီးပါခန့်ပျက်ဆီးမှုရှိနေပြီးအိမ်ပြိုမှုကြောင့်ပိမိပြီးအမျိုးသမီးတစ်ဦးသေဆုံးခဲ့ခေုရာသီချိန်ကကြာင်း၎င်းကဆက်ပြောသည်။


"လေကခဏလေး လေဝှေ့ပြီးတိုက်သွားတာ ဘာမှလုပ်ချိန်ယူချိန် မရလိုက်ဘူး စားဖို့တောင်အနိုင်နိုင်ရယ် အိမ်ပါပြိုကျသွားတော့ဘယ်လိုဆက်လုပ်ရမှာလဲတောင်မသိ"ကြို့ပင်အိုင်ကျေးရွာမှ အိမ်ပြိုကျခဲ့သူ ဒေါ်ခင်မာကပြောသည်။


သင်္ကြန်​ အတက်နေ့ ညနေ ငါးနာရီခန့်က လေကြမ်းတိုက်ခတ်မှုကြောင့် နတ္တလင်းမြို့နယ်အတွင်း ပျဉ်ပုံကျေးရွထန်းတစ်ပင်ကျေးရွာအုပ်စု၊မဲခေါင်းပေါင်းတည်မြို့နယ်အတွင်း ထန်းတစ်ပင်ကျေးရွာအုပ်စု၊မဲခေါင်းကျေးရွာအုပ်စု၊ကြာနီကန်ကျေးရွာအုပ်စု ၊ဘိုးသာအောင်ကုနကျန်ပုတွင် စုစုပေါင်းအိမ်ခြေ ၅၀၀နီးပါး ပြိုကျ အမိုးလှန်ခြင်း၊အိမ် နံရံပျက်စီးခြင်းများဖြစ်ပွားခဲ့ပြီး ကျန်ပျက်စီးစာရင်းများကောက်ယူနေဆဲဖြစ်ကြောင်း ပေါင်းတည်အထွေထွေအုပ်ချုပ်ရေးရုံးမှစုံစမ်းသိရှိရသည်။

M06


  • TAGS