News

POST TYPE

NEWS

အစိုးရထိပ်တန်းခေါင်းဆောင်များ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောမည်
16-Apr-2018 tagged as


တောင်ငူ၊ ဧပြီ ၁၆

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် ဒုတိယသမ္မတများနှင့်လွှတ်တော်ဥက္ကဋ္ဌများအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က မြန်မာသက္ကရာဇ် ၁၃၈၀ အတွက် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများ နိုင်ငံပိုင်မီဒီယာများတွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မရုံးက ထုတ်ပြန်လိုက်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားကို မြန်မာ့ရုပ်မြင်သံကြား MRTV မှ ဧပြီလ ၁၇ ရက်နေ့ နံနက် ၈ နာရီ၊ မွန်းတည့် ၁၂ နာရီ၊ ညနေ ၄ နာရီ၊ ည ၈ နာရီသတင်းများအပြီးနှင့် ဧပြီလ ၁၈ ရက် နံနက် ၈ နာရီ သတင်းအပြီးတွင် ပြေကြားမည်ဖြစ်ပြီး မြန်မာ့အသံရေဒီယိုမှနေ၍ ဧပြီ ၁၇ ရက် နံနက် ၈ နာရီ၊ နံနက် ၁၁ နာရီ၊ ညနေ ၄ နာရီခွဲ၊ ည ၈ နာရီသတင်းများအပြီးနှင့် ဧပြီလ ၁၈ ရက် နံနက် ၈ နာရီသတင်းအပြီး ထုတ်လွှင့်မည်ဖြစ်သည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို မြန်မာ့ရုပ်မြင်သံကြားမှ ဧပြီလ ၁၇ ရက်နေ့ နံနက် ၈ နာရီ၊ ညနေ ၄ နာရီ၊ ည ၈ နာရီသတင်းများအပြီးတွင် ထုတ်လွှင့်မည်ဖြစ်ကာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက် စကားများကို ဧပြီလ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ၊ ညနေ ၄ နာရီ၊ ည ၈ နာရီသတင်းများအပြီးတွင် ထုတ်လွှင့်မည်ဖြစ်သည်။

မြန်မာ့အသံ ရေဒီယိုမှနေ၍ ဒုတိယသမ္မတနှစ်ဦး၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို ဧပြီ ၁၇ ရက် နံနက် ၈ နာရီ၊ ညနေ ၄ နာရီခွဲ၊ ည ၈ နာရီသတင်းများအပြီးနှင့် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့၏ နှုတ်ခွန်းဆက်စကားများကို ဧပြီ ၁၇ ရက် နံနက် ၁၁ နာရီ၊ ညနေ ၄ နာရီခွဲ၊ ည ၈ နာရီ သတင်းများ အပြီးတွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

R-15

  • TAGS