News

POST TYPE

NEWS

အသက်မပြည့်သေးသည့် ကျောင်းသူတစ်ဦး ခိုးယူပေါင်းသင်းခံရမှု မိခင်ဖြစ်သူကအမှုဖွင့်
16-Apr-2018 tagged as


ဟင်္သာတ၊ ဧပြီ ၁၆

ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် သောင်ဘုတ်ကျေးရွာတွင်နေထိုင်သည့် အသက်မပြည့်သေးသော တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦးကို အမျိုးသားတစ်ဦးက ခိုးယူပေါင်းသင်းသည်ဟုဆိုကာ ဧပြီလ ၁၅ ရက်နေ့တွင် မိခင်ဖြစ်သူက အမှုဖွင့်လိုက်ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

သောင်ဘုတ်ကျေးရွာတွင်နေထိုင်သော အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးက အသက် ၁၆ နှစ်ကျော်အရွယ်ရှိပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုထားသည့်ကျောင်းသူကို လွန်ခဲ့သော တစ်ပတ်ခန့်က ချစ်ကြိုက်သည်ဟု ပြောဆိုခဲ့ပြီး ဧပြီလ ၁၄ ရက်နေ့ နံနက် ၄ နာရီခန့်က အဓမ္မခေါ်ယူပေါင်းသင်းခဲ့ကြောင်း မိခင်ဖြစ်သူ၏ ကနဦး တိုင်တန်းချက်အရ သိရသည်။

ထိုသို့ခေါ်ယူပေါင်းသင်းပြီး ယင်းနေ့ ည ၇ နာရီတွင် အသက်မပြည့်သေးသည့်ကျောင်းသူကို ပြန်လွှတ်ပေးလိုက်ကြောင်း လေးမျက်နှာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အသက်မပြည့်သေးသောကျောင်းသူကို ခိုးယူခဲ့စဉ်က အားပေးကူညီခဲ့သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ကျောင်းသူကို ခိုးယူပေါင်းသင်းသည့် အမျိုးသားတို့ကို အိုင်သပြုနယ်မြေရဲစခန်းက (ပ) ၄၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၆/ ၃၆၃/ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းက ပြောဆိုသည်။

R-13

  • TAGS