News

POST TYPE

NEWS

ယာဉ်တိမ်းမှောက်မှုကြောင့် ကွယ်လွန်ခဲ့သော ဇာတ်သဘင် အဖွဲ့သားများကို ရည်စူး၍ ဆွမ်းဆက်ကပ်
11-Apr-2018


မန္တလေး၊ ဧပြီ ၁၁


ယာဉ်တိမ်းမှောက်မှုကြောင့် ကွယ်လွန်သွားကြသော မင်းမင်းဦးဇာတ်အဖွဲ့ အနုပညာရှင်ပုဂ္ဂိုလ်များအား ရည်စူး၍ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဧပြီလ၊ ၁၁ ရက် နံနက်ပိုင်း က မန္တလေးမြို့၊ လောကနတ်ခန်းမတွင် ပြုလုပ်ခဲ့သည်။


အဆိုပါ အခမ်းအနားတွင် ပင့်သံဃာ (၁၁)ပါးကို ဆွမ်းဆက်ကပ်လှူဒါန်း၍ သေဆုံးသူများအတွက် အမျှပေးဝေခြင်း ၊ သေဆုံးသူ ၈ ဦးအတွက် တစ်ဦးလျှင် ၂၃ သိန်းကျပ်၊ ပြင်းထန်ဒဏ်ရာရသူ တစ်ဦးအတွက် ကျပ် ၁၅သိန်း၊ ဒဏ်ရာရသူ ၁၅ ဦးအတွက် တစ်ဦးလျှင် ၁၀သိန်းကျပ် စီကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရှိ သဘင်အနုပညာရှင်များနှင့် အနုပညာချစ်မြတ်နိုးသူများက စုပေါင်းလှူဒါန်း၍ မန္တလေးတိုင်း၊ သဘင်ပညာရှင်များ အစည်းအရုံးမှတစ်ဆင့် ယခုလို ပေးအပ်လှူဒါန်းခြင်းဖြစ်သည်။


ယင်းအပြင် ပရဟိတရွှေလက်များအသင်း၊ မြန်မာနိုင်ငံ ဆိုင်းဂီတအသင်းနှင့် သဘင်ဖောင်ဒေးရှင်းတို့မှလည်း သီးသန့်လှူဒါန်းခဲ့ကြသည်။


M-07