News

POST TYPE

NEWS

နွေစပါးသစ် ဈေးကွက် စဝင်၊ ဆန်ဈေး ဆက်ကျ
29-Mar-2018 tagged as ဈေးကွက် ဆန်



ရန်ကုန်၊ မတ် ၂၈

နယ်ဒေသ နွေစပါးသစ်များ ထွက်ပေါ်လာပြီဖြစ်သည့်အတွက် ယခုရက်ပိုင်းအတွင်း ဆန်ဈေးများ ဆက်တိုက်ကျဆင်းကြောင်း ဘုရင့်နောင်နှင့် ဝါးတန်းဆန် ဈေးကွက်များအတွင်းမှ သိရသည်။

ယခုအပတ်ရက်ပိုင်းအတွင်း ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၂၀၀ မှ ၂၂၀၀ အထိနှင့် ဆန်ချောတစ်အိတ်လျှင် ကျပ် ၁၀၀၀ မှ ၅၀၀၀ ခန့်အထိ ကျဆင်းကြောင်း အဆိုပါဆန်ဈေးကွက်များအတွင်းမှ သိရသည်။

နယ်ဒေသများမှ ရန်ကုန်သို့ ဆန်အဝင်မှာလည်း တစ်ရက်လျှင် အိတ်ရေရှစ်သောင်းမှ တစ်သိန်းနီးပါးအထိရှိကြောင်း ဘုရင့်နောင်နှင့် ဝါးတန်းဆန်ဈေးကွက်များအတွင်းမှ သိရသည်။

လက်ရှိဆန်ဈေးကွက်အတွင်း ပေါ်ဆန်းရှယ် တစ်အိတ်လျှင် ကျပ် ၄၀,ဝ၀၀ မှ ၅၀,ဝ၀၀ ခန့်အထိ၊ ကြားပျံရှယ် တစ်အိတ်လျှင် ကျပ် ၃၈,ဝ၀၀ မှ ၄၀,ဝ၀၀ အထိ၊ ကြမ်းသစ်ရှယ် တစ်အိတ်လျှင် ကျပ် ၂၂,၇၀၀ မှ ၂၃,ဝ၀၀ အထိ၊ ရက် ၉၀ ဆန် တစ်အိတ်လျှင် ၂၂,၃၀၀ မှ ၂၂,၈၀၀ အထိ၊ သီးထပ်ရှယ် တစ်အိတ်လျှင် ကျပ် ၂၁,၈၀၀ မှ ၂၂,ဝ၀၀ အထိဈေးရှိကြောင်း အဆိုပါ ဆန်ဈေးကွက်အတွင်းမှ သိရသည်။

S-04