News

POST TYPE

NEWS

မိတ္ထီလာတွင် ကလေးငယ်တစ်ဦး ကျောက်စည်ပိုင်းအတွင်း ပြုတ်ကျသေဆုံး
မိတ္ထီလာ၊ မတ် ၁၈

မိတ္ထီလာမြို့နယ် ကျီတော်ကုန်းရပ်ကွက် နေအိမ်တစ်အိမ်ရှိ ကျောက်စည်ပိုင်းအတွင်းသို့ အသက်တစ်နှစ်ခုနစ်လအရွယ် ကလေးငယ်တစ်ဦး မတ်လ ၁၇ ရက်နေ့က ပြုတ်ကျသေဆုံးခဲ့ကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရသည်။

သေဆုံးသူသည် ကျီတော်ကုန်း ရပ်ကွက်တွင်နေထိုင်သည့် ဒေါ်ဖြူသီစိန်၏သား မောင်စည်ဖြိုးအောင်ဖြစ်ကြောင်း၊  အိမ်ရှေ့တွင်ရှိသည့် အမြင့် ၂ ပေ ၉ လက်မနှင့် အချင်း ၃ ပေခွဲခန့်ရှိသော ကျောက်စည်ပိုင်းအတွင်း ရေနစ်သေဆုံးခဲ့သည်ဟု မှုခင်းမှတ်တမ်းအရ သိရသည်။      

မောင်စည်ဖြိုးအောင်သည် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်နှင့် သေဆုံးရသည့်အကြောင်း အဖြစ်မှန်သိရှိနိုင် အမှတ် (၂) နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၈) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။                    

R-01