News

POST TYPE

NEWS

ချောက်တွင် ၅နှစ်အရွယ်မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရ
18-Mar-2018

ချောက်၊ မတ် ၁၈

နေအိမ်၌ လူကြီးများမရှိခိုက် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးတည်းအိပ်နေစဉ် ဖခင်နှင့် မယားညီအစ်ကိုတော်စပ်သူက အဓမ္မပြုကျင့်ခဲ့ကြောင်း ချောက်မြို့မရဲစခန်းထံမှ သိရှိရသည်။

ယင်းဖြစ်စဉ်သည် ယနေ့(မတ်လ ၁၈ ရက်) နံနက် ၁၀ နာရီခွဲခန့်က မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ အမှတ် (၁၅) ရတနာအိုင် အနောက်ပိုင်းရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဓမ္မပြုကျင့်သူ ဝင်းနိုင်(၄၂ နှစ်)သည် အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်၏ ဖခင်နှင့် မယားညီအစ်ကို တော်စပ်သူဖြစ်သည်။ လတ်တလောတွင် ဝင်းနိုင်ဆိုသူကို ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၅၁၁ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း ချောက်မြို့မရဲစခန်းထံမှ သိရှိရသည်။

ယနေ့(မတ်လ ၁၈ ရက်) နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းကပင် မန္တလေး၊ မြောင်းမြ၊ လပွတ္တာမြို့တို့တွင် သက်ငယ်မုဒိမ်းမှု လျော့ကျပပျောက်ရေး လူတိုင်းပါဝင်ကူညီရန်နှင့် ကျူးလွန်သူများကို သေဒဏ်ပေးရေး ဆန္ဒပြ၊ အသိပညာပေး လှုပ်ရှားခဲ့ကြသည်။