News

POST TYPE

NEWS

လန်ဒန်မြေအောက်ရထား ဗုံးခွဲမှုအတွက် အီရတ်နွယ်ဖွားတွင် အပြစ်ရှိကြောင်း တရားရုံးဆုံးဖြတ်
18-Mar-2018



လန်ဒန်၊ မတ် ၁၆

လန်ဒန်မြေအောက်ရထား လူစည်ကားချိန် ဗုံးခွဲရန်ကြံစည်ခဲ့ပြီး လူ ၃၀ ခန့် ဒဏ်ရာရစေခဲ့မှုအတွက် အသက် ၁၈ နှစ်အရွယ် အီရတ်နိုင်ငံသား ခိုလှုံရန်ဝင်ရောက်လာသူတွင် အပြစ်ရှိကြောင်း ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြသည်။

အာမက်ဟာဆန်ဟာ ဖြစ်နိုင်သမျှ လူအမြောက်အမြား သေဆုံးစေဖို့ လက်လုပ်ဗုံးကို ဖန်တီးခဲ့တယ်ဆိုတဲ့ စွဲချက်ကို ဂျူရီအဖွဲ့က သဘောတူပါတယ်”ဟု လန်ဒန် အိုးဘိုင်လီတရားရုံး (အင်္ဂလန်နှင့် ဝေလပြည်၏ ပြစ်မှုဆိုင်ရာ ဗဟိုတရားရုံး) ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဥပဒေအရာရှိ ဆူးဟမ်းမင်းက ပြောကြားခဲ့သည်။

ဟာဆန်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ခရီးသည် ၉၃ ဦး တင်ဆောင်လာသော ရထားတွဲပေါ်တွင် သံတိုသံစများ၊ အလွယ်တကူဖန်တီးနိုင်သော စေတန်နတ်ဆိုး၏ မိခင်ဟု ထင်ရှားသော TAPT ယမ်းများဖြင့် ဖန်တီးထားသော ဗုံးကို ချထားခဲ့ခြင်းဖြစ်သည်။

ဗုံးမှာ ဟာဆန်ဆင်းသွားပြီးနောက် တစ်မှတ်တိုင်ဖြစ်သော အနောက်လန်ဒန်ရှိ ပါဆန်စ်ဂရင်းကျုဘ် ဘူတာရုံတွင် တစ်စိတ်တစ်ပိုင်းသာ ပေါက်ကွဲခဲ့ခြင်းကြောင့် အသေအပျောက်မများခဲ့ခြင်း ဖြစ်သည်။

ဟာဆန်သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင်မှ ဗြိတိန်သို့ ရောက်ရှိလာသူဖြစ်သည်။ အီရတ်တွင်ရှိစဉ်က IS အဖွဲ့ကို ဟာဆန်ကို သိမ်းသွင်းခဲ့ပြီး မည်သို့မည်ပုံ သတ်ဖြတ်ရမည်ကို လေ့ကျင့်ပေးခဲ့သည်ဟု ဆိုသည်။

ဗြိတိန်တွင် ခိုလှုံချိန်၌ ပင်နီနှင့် ရွန်ဂျုံးစ်မိသားစုက ဟာဆန်ကို အုပ်ထိန်းသူအဖြစ် တာဝန်ယူစောင့်ရှောက်ပေးခဲ့ကာ ဘရွတ်လန်းဒ်ကောလိပ်တွင် မီဒီယာနှင့် ဓာတ်ပုံပညာ တက်ရောက်သင်ကြားခဲ့သူဖြစ်သည်။  

F-03

  • VIA