News

POST TYPE

NEWS

ဖြစ်နိုင်မည်ဆိုပါက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်း ပြောင်းပြန်လှန်ချင်သည်ဟု ရုရှားသမ္မတ ပူတင်ပြော


မော်စကို၊ မတ် ၃

ရုရှားခေတ်သစ်သမိုင်းကို ပြောင်းလဲနိုင်သည့် အခွင့်အရေးသာရပါက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်းကို ပြောင်းပြန်လှန်ချင်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မတ်လ ၁၈ နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်ခင်တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်းကို ပြောင်းလဲပစ်လိုသည်ဟု သမ္မတပူတင်က ပြောကြားလိုက်ခြင်းကြောင့် ခေတ်ဟောင်းကို တမ်းတလျက်ရှိသည့် သန်းနှင့်ချီသည့် ရုရှားသက်ကြီးရွယ်အိုများကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။

ဥရောပနယ်မြေကြား ရောက်ရှိနေသည့် ရုရှား ကာလီနင်ဂရက်နယ်တွင် ထောက်ခံသူများက မည်သည့်ခေတ်သစ် ရုရှားသမိုင်းကို ပြောင်းလဲလိုကြောင်း ရုတ်တရက် မေးခွန်းမေးခဲ့ခြင်းဖြစ်သည်။

“ဆိုဗီယက်ပြည်ထောင်စုပြိုကွဲမှု”ဟု ပူတင်က ချက်ချင်း ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် သမိုင်း၏ မည်သည့်ကာလတွင် နေထိုင်လိုကြောင်း ပူတင်အား မေးမြန်းရာတွင်လည်း လက်ရှိကာလတွင်ပင် နေထိုင်လိုကြောင်း အတိတ်ကာလများတွင် ရုရှားဘိုးဘေးများသည် ( မြေရှင်များ) ၏ မြေကျွန်များသာဖြစ်ပြီး လက်ရှိတွင် မိမိသည် သမ္မတတစ်ဦးဖြစ်နေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဆိုဗီယက်ပြည်ထောင်စု ပြိုလဲခဲ့သည့် ၁၉၉၁ ခုနှစ်တွင် ကေဂျီဘီထောက်လှမ်းရေးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပူတင်က ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမှုကို နှစ်ဆယ်ရာစုတွင်း အဆိုးရွားဆုံးသော ပထဝီနိုင်ငံရေးရာ ကပ်ဆိုးဟု ၂၀၀၅ ခုနစ်တွင် ခေါ်ဆိုထားသည်။

ဒုတိယကမ္ဘာစစ်ကာလတွင်း နာဇီဂျာမနီများအပေါ် ဆိုဗီယက်တို့ အောင်နိုင်ခဲ့ခြင်းကို အသုံးပြုပြီး လက်ရှိ ရုရှားနိုင်ငံသားများကြား မျိုးချစ်စိတ် ပေါ်ထွန်းလာရန်လည်း သမ္မတပူတင်က လှုံ့ဆော်လျက်ရှိသည်။  

F-05