News

POST TYPE

NEWS

ဟစ်တလာကို ဂုဏ်ပြုထားသည့် နာဇီတံဆိပ်ပါခေါင်းလောင်းကို ဆက်လက်ချိတ်ဆွဲထားရန် ဂျာမနီရွာတစ်ရွာ ဆုံးဖြတ်


ဟိုင်ဒယ်ဘာ့ဂ်၊ ဖေဖော်ဝါရီ ၂၈

ပြီးခဲ့သည့် တနင်္လာနေ့ညက ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း ရွာတစ်ရွာဖြစ်သော ဘာ့ဂ်တွင် နာဇီခေတ် ခေါင်းလောင်းဟောင်းကြီးကို ဘုရားကျောင်းတွင် ဆက်လက်ပြီး ချိတ်ဆွဲထားရေးနှင့် ပတ်သက်၍ ချိတ်၊ မချိတ် မဲခွဲဆုံးဖြတ်ကြရာ ဆက်လက်ချိတ်ဆွဲထားမည့်ဘက်က ၁၀ မဲ ၃ မဲဖြင့် အနိုင်ရရှိသွားခဲ့ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

အဆိုပါခေါင်းလောင်းပေါ်တွင် “အဖနိုင်ငံတော် ဟစ်တလာအတွက် အရာရာအားလုံး”ဟု ရေးထိုးထားပြီး နာဇီစကြတံဆိပ် ခတ်နှိပ်ထားသည်။ 

ဘာ့ဂ်ကျေးရွာရှိ ကောင်စီဝင်အချို့က ယင်းခေါင်းလောင်းသည် ပြန်လည်သင့်မြတ်ရေးနှင့် အကြမ်းဖက်မှု၊ တရားလက်လွတ်မှုတို့၏ အမှတ်တရအဖြစ် ထားသင့်ကြောင်း မြင်ကြသည်။ 

အချို့သောဒေသခံများက ခေါင်းလောင်းကိုဖြုတ်ချကာ ဘုရားကျောင်းအနေနှင့် နောက်ထပ်ခေါင်းလောင်းအသစ် တပ်ဆင်သင့်သည်ဟု မြင်ကြ၏။

အဆိုပါ ကြေးခေါင်းလောင်းသည် ရွာဘုရားကျောင်းတွင် ၁၉၃၄ ခုနှစ်ကတည်းက ချိတ်ဆွဲထားခြင်းဖြစ်သည်။

ယနေ့ထက်တိုင် ယင်းခေါင်းလောင်းကို ချိတ်ထားရာ ဝေဖန်မည့်သူမရှိဘဲ ဘုရားကျောင်းတွင် အော်ဂင်တီးခတ်သူဟောင်း မစ္စစ်ဆစ်ဂ်ရစ်ပီတာက စာသားနှင့်ပတ်သက်ပြီး ဝေဖန်ခဲ့ရာမှ လူသိများသွားကြခြင်းဖြစ်သည်။ 

“ကလေးတစ်ယောက်ကို ရေစင်သွန်းခံယူနေချိန်မှာ ဒီစာသားထိုးထားတဲ့ ခေါင်းလောင်းနဲ့ဆိုတာက မဖြစ်သင့်ပါဘူး”ဟု ၎င်းက ပြည်တွင်း သတင်းမီဒီယာတစ်ခုကို ပြောကြားခဲ့သည်။ 

ဘုရားကျောင်းသို့ စုံတွဲများစွာ လာရောက်လက်ထပ်ကြသည်ဖြစ်ရာ ထိုခေါင်းလောင်းဖြင့် အချက်ပေးခြင်းမှာ မဖြစ်သင့်ပါဟုလည်း ပြောဆိုခဲ့သည်။

အဆိုပါခေါင်းလောင်းအရေးနှင့် ပတ်သက်၍ ဂျာမနီတွင် နာဇီတံဆိပ်ဆိုင်ရာ ငြင်းခုံမှုများ တစ်ကျော့ပြန်လာခဲ့သည်။

ခေါင်းလောင်းကြောင့် ဘုရားကျောင်း၏ အသရေညှိုးနွမ်းမည်ကို စိုးရိမ်နေပြီး၊ ခေတ်သစ်ဖက်ဆစ်များ ဘုရားကျောင်းသို့ လာရောက်ဝတ်ပြုကြမည်ကိုလည်း မလိုလားနေကြပေ။ 

F-02