News

POST TYPE

NEWS

ဂျပန်ဖလားကရာတေးဒိုပြိုင်ပွဲမှ ပဏာမလက်ရွေးစင်ကစားသမားများ ရွေးချယ်မည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပမည့် ဂျပန်ဖလား ကရာတေးဒို ပြိုင်ပွဲမှနေ၍ ပဏာမလက်ရွေးစင် ကစားသမားများ ရွေးချယ်ရန်ရှိနေသည်။

ယင်းပြိုင်ပွဲကို ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားကွင်း၌ မတ်လ ၇ ရက်နှင့် ၈ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲများအတွက် ကစားသမားများရွေးချယ်ရန် စီစဉ်ထားခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံကရာတေးဒိုအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ကျော်မိုးက ပြောကြားသွားသည်။ 

“ဒီပြိုင်ပွဲက ပွဲကြီးလို့ပြောလို့ရပါတယ်။ အလွတ်တန်း (စီနီယာ) တွေရော လူငယ်ပြိုင်ပွဲတွေပါ ကျင်းပမှာဖြစ်တဲ့အပြင် လက်ရွေးစင်အသင်းအတွက်လည်း ပဏာမကစားသမားတွေ ရွေးချယ်ဖို့ အစီအစဉ်ရှိပါတယ်”ဟု ၎င်းက ပြောဆိုသည်။ 

အဆိုပါပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး ခတ (အပြ) နှင့် ကုမိတဲ့ (အတိုက်) အမျိုးအစားတို့ ကျင်းပမည်ဖြစ်ပြီး စီနီယာ၊ ဂျုနီယာ၊ သက်ငယ်တန်း၊ အသက် ၁၄ နှစ်အောက်၊ အသက် ၁၂ နှစ်အောက် ပြိုင်ပွဲများဟူ၍ ခွဲခြားကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲမှ အလားအလာရှိသည့် ကစားသမားများကို မြန်မာနိုင်ငံတက္ကသိုလ် လက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင် အသင်းတို့အတွက် အားဖြည့်ရန် စီစဉ်ထားသည်။ 

မြန်မာကရာတေးဒိုအဖွဲ့အနေဖြင့် ယခုနှစ်အတွင်း အာရှနှင့် အရှေ့တောင်အာရှအဆင့် ကရာတေးဒိုပြိုင်ပွဲများ ယှဉ်ပြိုင်ရန်ရီနေပြီး အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်ရှိနေသည်။

J-04