News

POST TYPE

NEWS

လိင် သင်တန်းပေးသည့် ရုရှား ၁၀ ဦးကို ထိုင်းဖမ်းဆီး
28-Feb-2018


ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၇

လိင်ပိုင်းဆိုင်ရာ သင်တန်းပေးသည့် ရုရှား ၁၀ ဦးကို ပင်လယ်ကမ်းခြေ ပတ္တရားမြို့တွင် ရဲတပ်ဖွဲ့က ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း Reuters သတင်းတွင် 
ဖော်ပြထားသည်။

ထိန်းသိမ်းခံထားရသူများတွင် ရုရှားသမ္မတ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြီးခဲ့သည့်နှစ်အတွင်း ထုတ်ပြန်ထားသည့် ရုရှားနိုင်ငံသား အဲလက်လတ်လေးလည်း ပါဝင်သည်။

သို့သော်လည်း လိင်ပညာဂုရုဟု ထင်ရှားသည့် အဲလက်လတ်လေးသည် ရုရှားရွေးကောက်ပွဲကော်မရှင်တွင် သမ္မတလောင်းအဖြစ် မှတ်ပုံတင်ထားခြင်း မရှိသေးပေ။

မတ္တရားရေပြင်ရှိ ကို့လန်ကျွန်းပေါ်တွင် မကြာသေးခင်က ရိုက်ကူးထားသည့် ဗီဒီယိုတစ်ခုကို အဲလတ်၏ တရားဝင်ဝက်ဆိုဒ်တွင် ပြသထားကာဗီဒီယိုတွင် ပါဝင်သူအချို့သည် “လိင်သရုပ်ပြ”ဟု 
ရေးသားထားသည့် စာသားများပါသည့် တီရှပ်များဝင်ဆင်ထားသည်။

ထို့ပြင် လိင်ပိုင်းဆိုင်ရာသင်တန်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည့် ကြော်ငြာကိုလည်း အဆိုပါဝက်ဆိုဒ်တွင် တွေ့ရသည်။

သို့သော်လည်း ဖမ်းဆီးခံထားရသူများကို လိင်ပိုင်းဆိုင်ရာ သင်တန်းပေးမှုဖြင့် ထိန်းသိမ်းခြင်းမဟုတ်ဘဲ ထိုင်းနိုင်ငံတွင်း ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုဖြင့် ထိန်းသိမ်းခြင်းဖြစ်ကြောင်း 
ရဲတပ်ဖွဲ့က ပြောကြားထားသည်။

ယင်းတို့အနက် တစ်ဦးကို ဗီဇာသက်တမ်းလွန်မှု၊ ကျန်သုံးဦးကို နိုင်ငံကူးလက်မှတ်မရှိဘဲ ထိုင်းနိုင်ငံတွင်း ဝင်ရောက်မှုဖြင့် ထိန်းသိမ်းထားသည်။

ပတ္တရားရှိ ဟိုတယ်တစ်ခုတွင် လိင်ဆိုင်ရာ သင်တန်းများဖွင့်လှစ်ပြီး ရုရှားအမျိုးသားနှင့် အမျိုးသမီး ၄၀ ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း ထိုင်းရဲများက ပြောကြားထားသည်။

“သင်တန်းကြေး ဘတ်ငွေ ၂၀,၀၀၀ ကျော်တောင် ပေးဖို့လိုပါတယ်။ သင်တန်းကတော့ တရားမဝင်ဘူးဆိုတော့ မဟုတ်ပါဘူး”ဟု ပတ္တရားရဲတပ်ဖွဲ အကြီးအကဲ အပီချိုင်ခရော့ပတ်က ပြောကြားသွားသည်။

အဆိုပါဖြစ်စဉ်တွင် ထိန်းသိမ်းခံထားရသည့် ရုရှားနိုင်ငံသားများကို အကူအညီပေးရန် ဘန်ကောက်ရှိ ရုရှားသံရုံးမှ ကိုယ်စားလှယ်များလည်း ရောက်ရှိလျက်ရှိသည်။

ပတ္တရားမြို့တွင် အဖော်အချွတ်ကလပ်များရှိ အချို့ကို ရုရှားနိုင်ငံသားများ လုပ်ကိုင်နေခြင်းဖြစ်ကာ ရုရှားခရီးသွား အများအပြား လာရောက်လေ့ရှိသည့်မြို့ဖြစ်သည်။ 

F-05


  • VIA