News

POST TYPE

NEWS

နည်းပညာသင်တန်းများ တိုးချဲ့ဖွင့်လှစ်ရန် တယ်လီနောနှင့် KMD တို့ သဘောတူလက်မှတ်ရေးထိုး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန်အတွက် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ကူညီမှုဖြင့် နွေရာသီကာလတွင် ဒစ်ဂျစ်တယ်နည်းပညာသင်တန်းများ ပူးပေါင်းဖွင့်လှစ်ရန် တယ်လီနောနှင့် KMD တို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း တယ်လီနောထံမှ သိရသည်။ 

အဆိုပါသင်တန်းများကို နိုင်ငံတစ်ဝန်းတွင် တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို ကွန်ပျူတာအခြေခံနှင့် အင်တာနက်ကို ဘေးကင်းစွာ မည်သို့ အသုံးပြုမည်ဟူသည့် အချက်များနှင့်ပတ်သက်၍ လက်တွေ့သင်တန်းများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း တယ်လီနောထံမှ သိရသည်။ 

“ဒီစီမံကိန်းက ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု ကွာဟချက်ကို လျှော့ချသွားနိုင်ဖို့နဲ့ နိုင်ငံတစ်ဝန်း ပြည်နယ်နဲ့တိုင်းဒေသကြီး အသီးသီးမှာရှိတဲ့ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အမီလိုက်နိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ အားပေးကူညီသွားနိုင်မှာ ဖြစ်ပါတယ်”ဟု တယ်လီနောမှ လုပ်ငန်းဆောင်ရွက်မှုကဏ္ဍ တာဝန်ခံ ဦးမင်းသူက ပြောကြားသည်။ 

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ KMD ကွန်ပျူတာလေ့ကျင့်ရေးစင်တာများတွင် ဖွင့်လှစ်မည့် နည်းပညာသင်တန်းများ၌ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူ ၂၅၀၀၀ ခန့်ကို နည်းပညာသင်တန်းများ သင်ကြားပေးသွားမည်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မေလက ရှေ့ပြေးစီမံချက်အနေနှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကျောင်းသား ၁၂၀ ဦးကို ဒစ်ဂျစ်တယ်နည်းပညာ သင်တန်းများပေးခဲ့ကြောင်း တယ်လီနောထံမှ သိရသည်။ 
 
J-11