News

POST TYPE

NEWS

နာဂဒေသ သောက်သုံးရေရရှိရေး လွှတ်တော်တင်
ကလေး၊ ဖေဖော်ဝါရီ ၂၂ 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ မိုဝိုင်းလွတ်မြို့၊ ဆွမ္မရာမြို့နှင့် ရန်နွေးကျေးရွာတို့တွင် သောက်သုံးရေရရှိရေးအတွက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် လေရှီးမြို့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက မေးခွန်းမေးမြန်းခဲ့သည်။

မိုဝိုင်းလွတ်မြို့နှင့် ဆွမ္မရာမြို့တို့သည် အုပ်ချုပ်ရေးယန္တရားလိုအပ်ချက်အရ မြို့အဖြစ်သတ်မှတ်ပေးထားသော်လည်း ဖွံ့ဖြိုးမှုနည်းသော မြို့များဖြစ်၍ စည်ပင်သာယာရေးဌာနက ကောက်ခံရရှိသည့် အခွန်ဝင်ငွေမရှိသည့်အခါ မြို့အတွင်း သောက်သုံးရေသွယ်ယူဖြန့်ဖြူးရေးတွင် လိုအပ်ချက်ရှိကြောင်း၊ မြို့အနီးတွင် ချောင်းရှိသော်လည်း ရေမှာ ကျန်းမာရေးနှင့် မညီညွတ်၍ ရေသန့်ရရှိနိုင်သောချောင်းမှ ရေကိုသွယ်ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါမြို့များ သောက်သုံးရေရရှိရေးအတွက် ရေစုကန်များတည်ဆောက်၍ ရေပိုက်လိုင်းသွယ်ကာ ရေဖြန့်ဝေမည်ဖြစ်ပြီး ရေရရှိရေးလုပ်ငန်းများအတွက် ၂၀၁၈ - ၂၀၁၉ အောက်တိုဘာ၊ စက်တင်ဘာ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားကာ ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးလှကျော်က ပြန်လည်ပြောဆိုသည်။

R-20