News

POST TYPE

NEWS

ကျေးရွာအုပ်ချုပ်ရေးမှူးကို အရေးမယူ၍ ဝေါဒေသခံများ ဆန္ဒပြ


တောင်ငူ၊ ဖေဖော်ဝါရီ ၁၉

ဝေါမြို့ ကပင်းကျေးရွာအုပ်ချုပ်ရေးမှူးကို ဒေသခံများ တိုင်ကြားထားသော်လည်း အရေးမယူသဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်က ဝေါမြို့နှင့် ပဲခူးမြို့တွင် ဒေသခံ ၅၀ ခန့်က ဆန္ဒပြခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။ 

လွန်ခဲ့သော တစ်နှစ်ခန့်က အများပိုင်ရေကန်ကို ကိုယ်ကျိုးသုံးသည်ဟုဆိုကာ ဒေသခံများက တိုင်ကြားခဲ့သော်လည်း အရေးမယူခြင်းနှင့် အကျိုးအကြောင်းမပြန်သဖြင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဦးဆောင်သူ ဦးတင်စိုးက ပြောကြားသည်။

တိုင်ကြားခံထားရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကိစ္စကို တာဝန်ရှိသူများက မဖြေရှင်းပေးခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့များ ခေါ်ဆောင်ကာ ကျေးရွာနေသူများကို ခြိမ်းခြောက်ပြောဆိုခြင်းကို တိုင်ကြားခဲ့သော်လည်း အရေးမယူကြောင်း ကပင်းဒေသခံများက ဆိုသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးကို ဒေသခံများက ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်၍ မှတ်ချက်မပေးလိုကြောင်း ဝေါမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ထွန်းက ပြောသည်။

ဆန္ဒဖော်ထုတ်သူကပင် ကျေးရွာသား ၅၀ ခန့်က နံနက် ၉ နာရီခန့်မှ စတင်ကာ ဝေါမြို့နယ်ခန်းမရှေ့၊ ပဲခူးတိုင်း လွှတ်တော်ရုံးရှေ့နှင့် တိုင်းအစိုးရရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

R-15