News

POST TYPE

NEWS

နဝမတန်းကျောင်းသားက ပဉ္စမတန်းကျောင်းသူကို မုဒိမ်းကျင့်
19-Feb-2018

မိတ္ထီလာ၊ ဖေဖော်ဝါရီ ၁၉

မိတ္ထီလာမြို့နယ် ဥယျာဉ်ကုန်းကျေးရွာ၌ နဝမတန်း ကျောင်းသားတစ်ဦးက ပဉ္စမတန်း ကျောင်းသူကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက မုဒိမ်းကျင့်ခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ဥယျာဉ်ကုန်းကျေးရွာမှ အသက် ၁၁ နှစ်အရွယ်ရှိ ပဉ္စမတန်းကျောင်းသူသည် ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က လေးအိမ်ကျော်ရှိ သူငယ်ချင်း၏ အိမ်သို့ တစ်ဦးတည်း သွားခဲ့ကြောင်း၊ ခွေးဟောင်သဖြင့် ပြန်လှည့်လာစဉ် အိမ်ချင်းကပ် နေအိမ်မှ အသက် ၁၅ နှစ်ကျော်အရွယ် နဝမတန်းကျောင်းသား ရောက်လာပြီး ပါးစပ်ကိုပိတ်၍ ဘောလုံးကွင်းအနီးရှိ ချုံပုတ်အတွင်းသို့ ခေါ်ဆောင်ကာ ဓမ္မတာနှင့် ဆန့်ကျင်သော ကာမဆက်ဆံမှုပြုခဲ့ခြင်းဖြစ်ကြောင်း မိတ္ထီလာမြို့မ ရဲစခန်းထံမှလည်း သိရသည်။ 

အဆိုပါအမှုနှင့်ပတ်သက်၍ နဝမတန်းကျောင်းသားကို မိတ္ထီလာမြို့မ ရဲစခန်းက (ပ) ၇၅ /၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၇ (ဓမ္မတာနှင့် ဆန့်ကျင်သော မုဒိမ်းမှု) အရ အမှုဖွင့် ဖမ်းဆီးထားကြောင်း ယင်းရဲစခန်းထံမှ ထပ်မံသိရသည်။

R-01