News

POST TYPE

NEWS

ကလေးအလုပ်သမားများကို မစေခိုင်းရသည့်အန္တရာယ်ရှိ လုပ်ငန်းအမျိုးအစားကို ကြေညာမည်
နေပြည်တော်၊ ဖေဖော်ဝါရီ၁၉ 

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားများကို စေခိုင်းခြင်းမပြုရမည့် အန္တရာယ်ရှိ လုပ်ငန်းအမျိုးအစားများကို ယခုနှစ်တွင် ကြေညာမည်ဟု အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။ 

အလုပ်သမား လူဝင်မှုနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတွင် ဖေဖော်ဝါရီ ၁၉ ရက်ကကျင်းပသည့် မြန်မာနိုင်ငံ ကလေးသူငယ် အလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံတွင် အသက် ၅ နှစ်မှ ၁၇ နှစ်အတွင်း ကလေးသူငယ်ဦးရေ ၁၂ သန်းအနက် အန္တရယ်ရှိသည့် သံရည်ကျိုလုပ်ငန်း အပါအဝင် အန္တရာယ် ကြီးမားသောလုပ်ငန်း များစွာတွင် လုပ်ကိုင်နေရသည့် ကလေးလုပ်သား ဦးရေမှာ အလုပ်သမား ၄ ဒသမ ၉ ရာခိုင်နှုန်းမှာ ယင်းပြဿနာကို ဖြေရှင်းနိုင်ရန် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ကလေးလုပ်သားများ စာရင်းများ ကောက်နေသည်ဟု အန္တရယ်ရှိသည့် လုပ်ငန်းအမျိုးအစားတွေရှိလျှင် ကလေးသူငယ်များကို အလုပ်သမားအဖြစ် ခိုင်းစေခြင်းမပြုရန် ကြေညာချက်ထုတ်မည်ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။ 

ကမ္ဘာပေါ်တွင် အသက် ၅ နှစ်မှ ၁၇ နှစ်အကြား ကလေး အလုပ်သမား ၁၅၂ သန်းခန့်ရှိရာ ၇ ဒသမ ၄ ရာခိုင်နှုန်းသည် အာရှနှင့် ပစိဖိတ်ဒေသတွင်ရှိနေပြီး စိုက်ပျိုးရေး ကဏ္ဍများတွင် ၇၀ ဒသမ ၉ ရာခိုင်နှုန်းခန့် ရှိပါကြောင်း၊ ၎င်းတို့အထဲမှ ၇၃ သန်းခန့်သည် အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရကြောင်းကိုလည်း ယူနီဆက်၏ ထုတ်ပြန်ချက်များအရ သိရသည်။


အန္တရယ်ရှိသည့် လုပ်ငန်းခွင်မှာ ကလေးအလုပ်သမားတွေ အများဆုံးကတော့ ရန်ကုန်၊​ မန္တလေးမှာ အများဆုံးပါ အန္တရယ်ရှိတဲ့လုပ်ငန်တွေ တခြားနိုင်ငံတွေနဲယှဉ်ပြီး ကန့်သတ်သွားမှာပါဟု ဦးသိန်းဆွေက ဆိုသည်။ 

အလုပ်ရုံများ အက်ဥပဒေတွင် အလုပ်စတင်ဝင်ရောက်နိုင်သည့် အနိမ့်ဆုံး အသက်အရွယ်ကို ၁၄ နှစ်ဖြစ်ကြောင်း ပြဋ္ဌာန်းပေးခဲ့ပြီး ၁၈ နှစ်မပြည်သေးသည့် မည်သည့် အလုပ်သမားကိုမျှ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လုပ်ငန်းခွင်များတွင် အလုပ်မလုပ်စေရန် သတ်မှတ်ထားသည်။

“လက်ဖက်ရည်ဆိုင်လို လုပ်ငန်းခွင်မှာ ကလေးအလုပ်သမားတွေ အများဆုံတွေ့ရတယ်။ သူတို့ဟာ အညာဒေသမှာ လုပ်စရာ ကိုင်စရာ မရှိတော့ မြို့တက်လာပြီး ကြုံတဲ့အလုပ် ဝင်လာကြရတာ။ အဲဒီကလေးတွေကို ဘယ်လို အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ သင်ပေးမလဲဆိုတာ သက်ဆိုင်ရာက စဉ်စားရမယ်”ဟု မန္တလေးစက်မှုဇုန်က တွင်ခုံလုပ်ငန်းပိုင်ရှင် ဦးလွင်ဌေးကဆိုသည်။ 

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် ၁၈ နှစ်အောက် ကလေးဦးရေသည် စုစုပေါင်း ၁၈ သန်းရှိခဲ့ကြောင်း ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီကို အဖွဲ့ဝင် ၃၇ ဦးဖြင့် ဖွဲ့စည်းကြောင်းကို ပြည်ထောင်စုအစိုးရအဖွဲ့မှ အမိန့် ကြေညာစာအမှတ်၂၃/၂၀၁၈ ထုတ်ပြန်ပြီး ဖွဲ့စည်းခဲ့သည်ဟု အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှစုံးစမ်းသိရှိရသည်။ 

J-20