News

POST TYPE

NEWS

မြန်မာနိုင်ငံဒေသအချို့ ယခုရက်ပိုင်း အအေးပိုမည်
18-Feb-2018 tagged as

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

တရုတ်နိုင်ငံဘက်တွင် ဖြစ်ပေါ်နေသည့် လေဖိအားကြီးရပ်ဝန်း အားကောင်းနေသည့်အတွက် ယခုရက်ပိုင်းအတွင်း ဒေသအလိုက် အအေးပြန်ပိုနေခြင်းဖြစ် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

China High (လေဖိအားကြီး ရပ်ဝန်း) ၏အရှိန်ကြောင့် ဒေသအချို့တွင် အအေးပိုနေခြင်းဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်အတွင်းမှ တိမ်တိုက်များကြောင့် လည်း ယခုရက်ပိုင်း၌ အအေးအနည်းငယ် ပြန်ပေါ့ကာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နောက်ပိုင်းမှသာ အအေးပြန်ပိုလာနိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောဆိုသည်။ 

ယင်းသို့ဒေသအလိုက် အအေးပို နေရာတွင် ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၂ ဒီဂရီစင်တီဂရိတ်၊ ပင်လောင်းမြို့တွင် ၃ ဒီဂရီ စင်တီဂရိတ်၊ နမ့်စန်မြို့၊ ဟဲဟိုးမြို့နှင့် မိုင်းယန်းမြို့တို့တွင် ၄ ဒီဂရီစင်တီဂရိတ်စီနှင့် လွိုင်လင်မြို့တွင် ၅ ဒီဂရီစင်တီဂရိတ်တို့ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနထံမှ သိရသည်။ 

ထို့ပြင် အရှေ့ဘက်မှလာသည့် လေပွေလှိုင်းများ အရှိန်ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းစွန်းဒေသများတွင် နောက်နှစ်ရက်အတွင်း မိုးအနည်းငယ် နေရာကွက်ကျားရွာနိုင်ကြောင်း၊ ယင်းလေပွေလှိုင်းများ ဆောင်းတွင်းကာလ၌ အားကောင်းပါက ပင်လယ်ပြင်တွင် လှိုင်းကြီးတတ်လေ့ ရှိကြောင်း ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။ 

E-03

  • TAGS