News

POST TYPE

NEWS

အွန်လိုင်းမှ ကုန်ပစ္စည်းကြော်ငြာ ရောင်းချမှုကို အရေးယူ ကိုင်တွယ်ရန် ပြည်ထဲရေးနှင့် ဆွေးနွေးမည်
18-Feb-2018

နေပြည်တော်၊ ဖေဖော်ဝါရီ၁၈

အင်တာနက်အွန်လိုင်းမှ ကုန်ပစ္စည်းကြော်ငြာ ရောင်းချမှုများမှာ အခွန်ရှောင်ရှားခြင်း သာမက ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာလျှင် လိုက်လံရှာဖွေရန် ခက်ခဲခြင်းနှင့် တာဝန်ယူ၊​ တာဝန်ခံမှု မရှိခြင်းတို့ကြောင့် အရေးယူနိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ဆွေးနွေးမည်ဟု စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးက ပြောကြားသည်။

အွန်လိုင်းပေါ်မှ ကုန်ပစ္စည်း ရောင်းချမှုများကို ပြည်ထဲရေးဌာနမှ တာဝန်ရှိသူများက စတင်စောင့်ကြည့်နေပြီး သွင်းကုန်ထုတ်ကုန်ပါ ဥပဒေပါအချက်များနှင့် ငြိစွန်းမှု ရှိ မရှိကို ဖော်ထုတ်မည်ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ဒီရောင်းချမှုတွေဟာ မှတ်ပုံလည်း တင်မထားဘူး သဘောရိုးမဟုတ်ဘဲ ရောင်းချရင် လိမ်လည်မှုတို့ ဆက်သွယ်ရေး ဥပဒေတို့နဲ ငြိနိုင်တယ်။ မူပိုင်ခွင့်ဥပဒေ အတည်ပြုနိုင်ခဲ့ရင် ပစ္စည်းတစ်ခုကို တုပရောင်းချရင် မူပိုင်ခွင့်နဲ့လည်း ငြိနိုင်တယ်”ဟု မန္တလေးမြိုခံတရားလွှတ်တော်ရှေ့နေ ဦးခင်မောင်သန်း (ဆိုင်တန်း) ကဆိုသည်။

၂၀၁၇ ခုနှစ်အတွင်း စားသုံးသူ အငြင်းပွားမှု ဖြေရှင်းအဖွဲ့သို့ တိုင်ကြားမှု ၈၇ မှုရှိပြီး ဖြေရှင်းဆောင်ရွက်ပြီးစီးမှုသည် ၇၃ မှုရှိသည်ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ စုံးစမ်းသိရှိရသည်။

J-20