News

POST TYPE

NEWS

လူ ၃၄၀၀ ကျော်ဖြင့် ပုံဖော်ခဲ့သည့် မြန်မာနိုင်ငံမြေပုံ ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းဝင်ပြီ
မကွေး၊ ဖေဖော်ဝါရီ ၁၄

တယ်လီနောမြန်မာကဦးဆောင်၍ လူ ၃၄၀၀ ကျော်ဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပုံဖော်ခဲ့သည့် မြန်မာနိုင်ငံမြေပုံမှာ အရွယ်အကြီးဆုံးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းဝင်သွားပြီဖြစ်သည်။

၂၀၁၆ခုနှစ်က ဗြိတိန်နိုင်ငံ၌ လူ ၈၁၁ ဦးဖြင့် အာဖရိကတိုက်ပုံစံဖော်၍ ဂရင်းနစ်စံချိန် တင်ထားခဲ့ခြင်းဖြစ်ပြီး ယခုမြန်မာနိုင်ငံ မြေပုံပုံဖော်မှုက ယင်းစံချိန်ကို ဖြတ်ကျော်သွားခြင်းဖြစ်သည်။ 

ယင်းသို့စံချိန်ချိုးနိုင်ရန် တယ်လီနောမြန်မာက ဦးဆောင်၍ မကွေးခရိုင်အားကစားကွင်းတွင် အလျား ၂၃၄ ပေ၊ အနံ ၁၀၆ ပေရှိပြီး ဧရိယာ ၂၄၈၀၄ စတုရန်းပေ ကျယ်ဝန်းသည့် မြန်မာနိုင်ငံမြေပုံကို လူ ၃၄၀၀ ကျော်ဖြင့် ပုံဖော်ကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

လူဦးရေ အများဆုံးအသုံးပြု၍ မြန်မာနိုင်ငံမြေပုံကို ပုံဖော်ကာ ဂရင်းနစ်မှတ်တမ်းတွင် စံချိန်ချိုးနိုင်ရန် ကြိုးပမ်းမှုသည် ယခုပထမဆုံးအကြိမ်ဖြစ်ပြီး Human Memory အဖြစ် မင်းကွန်းဆရာတော်က ၁၉၈၅တွင် မှတ်တမ်းဝင်ခဲ့သည်။

အဆိုပါမြန်မာနိုင်ငံမြေပုံ ပုံဖော်ခြင်းကို မကွေးမြို့ရှိ တက္ကသိုလ်ကောလိပ်ခုနှစ်ခုမှ ကျောင်းသူ၊ ကျောင်းသားများနှင့် ဒေသခံများနှင့်ပူးပေါင်းကာ ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။