News

POST TYPE

NEWS

မိတ္ထီလာတွင် အမျိုးသားတစ်ဦး တမာပင်ပေါ်၌ ကြိုးဆွဲချသေဆုံး
မိတ္ထီလာ၊ ဖေဖော်ဝါရီ ၁၀ 

မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက် နယ်မြေ ၇ အတွင်း၌ ဖေဖော်ဝါရီလ ၉ ရက်နေ့ညက အမျိုးသားတစ်ဦး တမာပင်ပေါ်တွင် ကြိုးဆွဲချသေဆုံးကြောင်း ယင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။ 

ယင်းရပ်ကွက်ရှိ အောင်မြေသာစည် ဘုန်းတော်ကြီးကျောင်းနှင့် ရထားသံလမ်းအနီးရှိ တမာပင်ပေါ်တွင် လူတစ်ဦးကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ သေဆုံးသူမှာ အသက် ၂၅ နှစ် အရွယ်ရှိ ကျပန်းလုပ်သား ဦးဇော်မင်းထွန်းဖြစ်ပြီး တမာပင်၏ ၁၆ ပေခန့်မြင့်သော နေရာရှိ သစ်ကိုင်းတွင် ပုဆိုးဟောင်းကိုအသုံးပြုလျက် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ အစ်ကိုတော်စပ်သူ ဦးအောင်လင်းက ပြောကြားသည်။

“စီးပွားရေး အဆင်မပြေတော့ မိသားစုအခက်အခဲရှိတယ်။ သူ့မိန်းမနဲ့လည်း ရန်ဖြစ်ခဲ့သေးတယ်လို့ သိရတယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ လူသေဆုံးမှုနှင့်ပတ်သက်၍ မိတ္ထီလာမြို့မရဲစခန်းက သေမှုသေခင်း အမှတ် ၄/၂၀၀၈ ဖြင့် ရေးဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

R-01