News

POST TYPE

NEWS

ဘားအံတွင် ပထမအကြိမ် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ပဒေသာပြပွဲ ပြုလုပ်
10-Feb-2018 tagged as ဘားအံ


ဘားအံ၊ ဖေဖော်ဝါရီ ၁၀

ကရင်ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားငါးမျိုး၏ ယဉ်ကျေးမှုပဒေသာပြပွဲကို ပထမဆုံး အကြိမ်အဖြစ် ဘားအံမြို့ရှိ သီရိကွင်း၌ ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြုလုပ်ခဲ့ သည်။

ကရင်တိုင်းရင်းသားအပါအဝင် ဗမာတိုင်းရင်းသား၊ ပအိုဝ်းတိုင်းရင်းသား၊ မွန်တိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသားတို့ ၏ ရိုးရာအသုံးအဆောင်ပစ္စည်းများ၊ အသုံးပြုသည့်တူရိယာများ၊ အဝတ်အစား များ၊ စာပေနှင့် ရှေးဟောင်း ပေ၊ ပုရပိုက် များခင်းကျင်းပြသသည့်အပြင် ရိုးရာ အစားအစာများကိုလည်း တည်ခင်းပြသ မည်ဖြစ်ကာ ဖေဖော်ဝါရီလ ၁၂ ရက် နေ့အထိ ကျင်းပမည်ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။ 

“ကျွန်တော်ဆိုရင် ကရင်တိုင်းရင်း သားပေါ့။ ကရင်မျိုးနွယ်စုချည်းပဲ ခုနစ်မျိုးဆိုတော့ စာပေမှာနဲ့ ဓလေ့ထုံတမ်းမှာဆိုရင်ပဲ ကွာခြားမှုတွေရှိတယ်၊ အခုလို တစုတစည်းတည်း ကရင်ပြည်နယ်အတွင်းက တိုင်းရင်းသားတွေရဲ့ စာပေနဲ့ ဓလေ့ထုံးတမ်းတွေ ပြသတာဆိုတော့ စိတ်ဝင်စားဖို့ ကောင်းသလို ဗဟုသုတလည်းရတယ်၊ အချင်းချင်း နားလည်လာပြီး ပိုပြီးချစ်ခင်လာလိမ့်မယ်”ဟု အဆိုပါပွဲသို့ အထူးဧည့်သည်အဖြစ် လာရောက်သော မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောကြားသည်။

ပြည်နယ်အတွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နေသောကာလ ဖြစ်သောကြောင့် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေ နှင့် အခြားသောပွဲတော်များထက် တိုင်း ရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ဖော်ထုတ်ခြင်း၊ ဒေသတွင်း နေထိုင်သူများ အချင်းချင်း နှီးနှောဖလှယ်ခြင်းများ ပြုလုပ်နိုင်ရန် ရည်ရွယ်ကာ တိုင်းရင်းသား ရိုးရာစာပေယဉ်ကျေးမှု ပွဲတော်ပြုလုပ်ရခြင်းဖြစ်ကြောင်း ပွဲတော်ကျင်းပရေး အစီအစဉ်အရ သိရသည်။

R-17