News

POST TYPE

NEWS

မိတ္ထီလာတွင် အမျိုးသမီးများပါဝင်သည့် ဖဲဝိုင်းဖမ်းမိ
မိတ္ထီလာ၊ ဖေဖော်ဝါရီ ၈

မိတ္ထီလာမြို့ နယ်မြေ ၉ အောင်ဇေယျာရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ အမျိုးသမီးများပါဝင်သော ဖဲဝိုင်း ဖေဖော်ဝါရီလ ၇ ရက်နေ့ညက ဖမ်းဆီးရမိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ လေးနာရီခန့်အချိန်ကစ၍ ဖဲလောင်းကစားပြုလုပ်နေကြောင်း ဖုန်းဖြင့် အကြိမ်ကြိမ်တိုင်ကြားနေသောကြောင့် ရဲတပ်ဖွဲ့ဝင်များက ခရိုင်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားရှာဖွေခွင့် ဝရမ်းအမှတ် (၁/၂၀၁၈) ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ နယ်မြေ (၉) တွင် နေထိုင်သော ဒေါ်ရွှေလုံး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အသက် ၅၈ နှစ်အရွယ်ရှိ အိမ်ရှင်ဖြစ်သူ ဒေါ်ရွှေလုံး၊ အသက် ၆၀ အရွယ်ရှိ ဒေါ်ခင်မာရီ၊ အသက် ၄၂ နှစ် အရွယ်ရှိ ဒေါ်စန္ဒာအေးနှင့် အသက် ၄၄ နှစ် အရွယ်ရှိ ဦးကျော်ဆွေတို့ကို ဖဲလောင်းကစားရာတွင် သုံးသည့်ပစ္စည်းများ၊ ငွေစက္ကူရောရာ ကျပ် ၁၃၆,၂၀၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ 

လက်ရှိတွင် ဖဲလောင်းကစားသူများကို မိတ္ထီလာမြို့မရဲစခန်းက (ပ) ၅၇/ ၂၀၁၈ လကစ ပုဒ်မ - ၁၃ (က)/၁၄ (က) ဖြင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-01