News

POST TYPE

NEWS

ထိုင်း - မြန်မာ ချစ်ကြည်ရေး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ လူတစ်သိန်းခန့်တက်

မန္တလေး၊ ဇန်နဝါရီ ၂၁

ထိုင်း-မြန်မာချစ်ကြည်ရေး သံဃာ အပါးနှစ်သောင်း ဆွမ်းဆန်စိမ်းလောင်းပွဲကို ချမ်းမြသာစည်မြို့နယ်ရှိ လေယာဉ်ကွင်းဟောင်း၌ ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ခြောက်နာရီခန့်က စတင်ကျင်းပခဲ့ရာ လူတစ်သိန်းခန့် တက်ခဲ့ကြောင်း အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီထံမှ သိရှိရသည်။ 

မန္တလေးတိုင်းအစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းလူငယ်အသင်းတို့က ပူးပေါင်းကျင်းပသည့် အဆိုပါဆွမ်းလောင်းပွဲကို ထိုင်းနိုင်ငံမှ သံဃာအပါး ၆၀ ကြွရောက်ခဲ့ပြီး မန္တလေးမြို့တွင်းရှိ စာသင်တိုက်များနှင့် ကျောင်းတိုက်များမှ သံဃာတော် နှစ်သောင်းနီးပါးကို ဆွမ်းဆန်နှင့် ဝတ္ထုငွေများ လောင်းလှူခဲ့ကြသည်။

အဆိုပါဆွမ်းလောင်းပွဲသို့ မန္တလေး မြို့ခံပြည်သူ တစ်သိန်းခန့် တက်ရောက်ခဲ့ကြပြီး ဆွမ်းလောင်းလှူသူ တစ်သောင်းခန့်အထိရှိခဲ့ကြောင်း အခမ်းအနား အစီအစဉ်များအရလည်း သိရသည်။

ယင်းဆွမ်းဆန်လောင်းလှူပွဲသို့ မင်းတုန်းမင်း၏ တီတော်စပ်သူ ထိပ်တင်နှင်းနှင့် တောင်သမန် မောင်ဖေငယ်၏ အနွယ်တော်များ တက်ရောက်ခဲ့သည်။ 

ထိုင်းနိုင်ငံမှ ဓမ္မကာယ လူငယ်များ အသင်းအနေနှင့် မြန်မာအစိုးရနှင့်ပူးပေါင်း၍ ဆွမ်းလောင်းလှူခြင်းကို ၂၀၁၅ ခုနှစ်က မန္တလေးမြို့တွင် ပထမအကြိမ်အဖြစ် သံဃာအပါး တစ်သောင်းကို ကပ်လှူခဲ့ဖူးကြောင်း အခမ်းအနားဖြစ်မြောက်ရေး ကော်မတီထံမှ ထပ်မံသိရသည်။ 

M-04