News

POST TYPE

NEWS

ကျိုင်းတုံတွင် တစ်ကိုယ်တော် ဆိုင်ကယ်ခိုးယူသူထံမှ ဆိုင်ကယ်ကိုးစီး ဖမ်းမိ
19-Jan-2018


ကျိုင်းတုံ၊ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက် စာတိုက်ရှေ့တွင် ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က တစ်ကိုယ်တော် ဆိုင်ကယ်ခိုးယူနေသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ရာ ၎င်းထံမှ ဆိုင်ကယ်ကိုးစီး သိမ်းဆည်းရမိကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်မောင်မောင်သင်းက ပြောကြားသည်။

"ဆိုင်ကယ်ပျောက်နေတဲ့ ကောင်လေးက အမှတ်(၅)ရပ်ကွက်က ဆိုင်ကယ်ပြင်ဆိုင်မှာ သူ့ဆိုင်ကယ်ကိုတွေ့လို့ ကျွန်တော်တို့ထံ ဖုန်းဆက်တယ်။ဒါကို ဆိုင်ကယ်ပြင်နေတဲ့ သူခိုးက သိသွားပြီး ဆိုင်ကယ် Taxi နဲ့ထွက်အပြေးမှာ လိုက်ဖမ်းမိခဲ့တယ်။လက်ရှိက ဆိုင်ကယ်ကိုးစီးမှာ ပိုင်ရှင်တစ်ယောက်ပဲ တွေ့သေးသလို မိုင်းလားဘက်မှာ သုံးလေးစီး ရောင်းထားတယ်လို့ သိရတယ်"ဟု၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တစ်ကိုယ်တော် ဆိုင်ကယ်ခိုးယူနေသည့် အသက် ၂၈ နှစ်အရွယ် ဇော်ထွန်းဝင်းကို (ပ)၁၃/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အရေးယူထားပြီး ဆက်လက်စစ်ဆေးနေကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-16


  • VIA