News

POST TYPE

NEWS

NLD အလုပ်အမှုဆောင်ဟောင်း၏ အုတ်ဂူ အဖောက်ခံရ
16-Jan-2018


ရန်ကုန်၊ ဇန်နဝါရီ ၁၆

လွန်ခဲ့သည့် ခြောက်ရက်ခန့်က ဂူသွင်းသင်္ဂြိုဟ်ခဲ့သည့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ရှမ်းတဲကြီးကျေးရွာမှ NLD အလုပ်အမှုဆောင်ဟောင်းဖြစ်သူ အသက် ၇၇ နှစ် ဦးခင်ဟန်၏ အုတ်ဂူ ဖောက်ထွင်းခံရကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ယင်းသို့ အုတ်ဂူ အဖောက်ခံရကြောင်း ဇန်နဝါရီလ ၁၅ ရက် ညပိုင်းက ကာယကံရှင် မိသားစုက သိရှိခဲ့ပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူမျာက ဂူဖွင့်၍ ရုပ်အလောင်းကို စစ်ဆေးရာ လက်ပတ်နာရီတစ်လုံး ပျောက်ဆုံးနေသဖြင့် ခိုးမှုကျူးလွန်သူကို ဖော်ထုတ်အရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။


  • VIA