News

POST TYPE

NEWS

ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်းယာဉ်များ ကြီးကြပ်မှုကော်မတီအသစ်ရွေး
10-Jan-2018



ဗန်းမော်၊ ဇန်နဝါရီ ၉ 

ကချင်ပြည်နယ် ဗန်းမော်မြို့ခရိုင် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်ရေး ကော်မတီရုံးတွင် ဇန်နဝါရီ ၉ ရက်မှစတင်ကာ ပုဂ္ဂလိကပိုင် မော်တော်ယာဉ် လုပ်ငန်းယာဉ်များ ကြီးကြပ်မှုကော်မတီအသစ်ကို ရွေးချယ်ခဲ့သည်။ 

ထိုသို့ရွေးချယ်ရာတွင် လျှို့ဝှက်မဲစနစ်ဖြင့် လွတ်လပ်စွာရွေးချယ်ခဲ့ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်အေးက ပြောသည်။ 

ကော်မတီသစ် ဖွဲ့စည်းရာတွင် ၁၀ ဘီး၊ ၁၂ ဘီး ကုန်တင်ယာဉ် ပိုင်ရှင်များပါဝင်ကြောင်း၊ ၎င်းတို့မှာ ကုန်းလမ်းနှင့်ရေလမ်း သယ်ယူပို့ဆောင်ရေးအဖွဲ့၏ အဆိုပြုချက်၊ ထောက်ခံချက်ဖြင့် မှတ်ပုံတင်ထားသူများဖြစ်ကြောင်း ယခင် ကော်မတီဥက္ကဋ္ဌဟောင်း ဦးတင်ဖေက ပြောသည်။

အဆိုပါ ကော်မတီသစ်ဖွဲ့စည်းရာတွင် ယာဉ်ကြီးလုပ်ငန်းရှင်များမှ ၄ ဦး၊ ခရီးသည်တင် ယာဉ်ပိုင်ရှင်များမှ ၃ ဦး၊ ထော်လာဂျီ ယာဉ်ပိုင်ရှင်များမှတစ်ဦး၊ သုံးဘီးယာဉ်များမှတစ်ဦး စုစုပေါင်း ၉ ဦးကို ရွေးချယ်ပေးရမည်ဖြစ်ပြီး ဇန်နဝါရီလ ၁၃ ရက် ခရီးသည်တင် ယာဉ်ငယ်ပိုင်ရှင်များထဲမှ ၃ ဦးကို ဆက်လက် ရွေးချယ်မည်ဖြစ်ကြောင်း မော်တော်ယာဉ် ကြီးကြပ်မှုကော်မတီရုံးထံမှ သိရသည်။ 

ဗန်းမော်မြို့နှင့် လွယ်ဂျယ်ကုန်စည်လမ်းကြောင်းတွင် ကုန်တင်ယာဉ်ကြီးများမှာ အစီး ၃၀၀ ကျော် နေ့စဉ် အတက်အဆင်းပြုလုပ်နေရကြောင်း ဆန်ကုန်သည်ကြီးများအသင်းထံမှ သိရသည်။ 

R-14

  • VIA