News

POST TYPE

NEWS

လွယ်ဂျယ်ပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ရာ သုံးလအတွင်း အပြီးဆောက်မည်
09-Jan-2018

ဗန်းမော်၊ ဇန်နဝါရီ ၈

ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့ရှိ လွယ်ဂျယ်ပြည်သူ့ဆေးရုံ ကုသရေးဦးစီးဌာန (ကျန်းမာရေး) ၏ ဝန်ထမ်းအိမ်ယာကို သုံးလအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ဇန်နဝါရီလ ၇ ရက်က ဆောက်လုပ်ခွင့်ရ ကုမ္ပဏီ SUT FAMILY GROUP  CO.,LTD. ထံမှ သိရသည်။

အဆိုပါ ဝန်ထမ်းအိမ်ရာကို နိုဝင်ဘာလ ဒုတိယပတ်မှ စတင်ဆောက်လုပ်မည် ဖြစ်သော်လည်း မြေနေရာနှင့်ပတ်သက်၍ ဒေသခံတောင်သူနှင့် ဒေသအာဏာပိုင်တို့ မြေအငြင်းပွားမှုကြောင့် မြေယာအရှုပ်အရှင်း ဖြေရှင်းနေရ၍ ဆောက်လုပ်မည့်ရက် နောက်ကျနေရကြောင်း၊  ဇန်နဝါရီလ ၆ ရက်တွင် အိမ်ရာတည်ဆောက်ရန် ပန္နက်ရိုက်ခဲ့ကြောင်း ၊ ဆောက်လုပ်မည့်ဝန်ထမ်း အိမ်ရာမှာ ၄ ခန်းတွဲ RC တစ်ထပ်အဆောက်အအုံဖြစ်ပြီး သိန်းငါးရာခန့် ကုန်ကျမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ဒါရိုက်တာ ဦးလဝေါန်က ပြောကြားသည်။

လက်ရှိ လွယ်ဂျယ်ဆေးရုံတွင် ဝန်ထမ်းအိမ်ရာ ၂ ခန်းသာရှိသဖြင့် ဆရာဝန်အပါအဝင် သူနာပြုနှင့် သားဖွားဆရာမတို့ ဝန်ထမ်း ၁၁ ဦးမှ ၃ ဦးသာ ဆေးရုံဝင်းရှိအိမ်ရာခန်းတွင် နေထိုင်ရပြီး ကျန်ဆရာမများနှင့် ဆေးရုံအကူဝန်ထမ်းများမှာ ဆေးရုံဝင်းတွင်လည်းကောင်း၊ ဆေးရုံပြင်ပတွင်လည်းကောင်း ငှားရမ်းနေထိုင်ရသူများလည်းရှိကြောင်း တာဝန်ခံဆရာဝန် ဒေါက်တာကိုကိုဇင်က ပြောသည်။ 

လွယ်ဂျယ်မြို့သည် နယ်စပ်မြို့ဖြစ်သည့်နည်းတူ နယ်စပ်ထွက်ပေါက် စီးပွားကူးသန်းရာ လမ်းပေါက်ဖြစ်သည့်အတွက် အိမ်ငှားရမ်းခန့်မှာ တစ်လလျှင် အနည်းဆုံး ကျပ်တစ်သိန်းခွဲခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။           

R-14

  • VIA