News

POST TYPE

NEWS

ရန်ကုန်-ပြည်ရထား လူစီးများသဖြင့် တစ်တွဲတိုး
01-Jan-2018



ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ရန်ကုန်-ပြည်လမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ် ၇၂ အစုန်၊ ၇၁ အဆန်ရထားတွင် ခရီးသွားပြည်သူများ စီးနင်းမှုအဆင်ပြေစေရန် ခရီးသည်တင်တွဲ တစ်တွဲကို ဒီဇင်ဘာလ ၂၈ ရက်က ထပ်တိုးပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

“ခရီးသွားရာသီဖြစ်လို့ လက်မှတ်တွေလဲကုန်တယ်။ ထပ်ဝယ်တဲ့သူတွေ အဆင်ပြေဖို့ ၂၈ ရက်မှာ တိုးလိုက်တာပါ”ဟု မြန်မာ့မီးရထား၊ တိုင်း (၇) သွားလာရေးဌာန အထွေထွေမန်နေဂျာ ဦးဇော်လွင်က ဆိုသည်။

အဆိုပါလမ်းပိုင်းတွင် တွဲရှစ်တွဲဖြင့် ပြေးဆွဲနေရာမှ ခရီးသည် ၆၀ ဆံ့ တွဲတစ်တွဲ ထပ်တိုးပြေးဆွဲလိုက်သဖြင့် လက်ရှိတွင် လူစီးတွဲကိုးတွဲရှိပြီဖြစ်ကြောင်း၊ တစ်ရက် အသွား၊ အပြန်တစ်ကြောင်း ပြေးဆွဲလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။  

“လက်မှတ်ခတွေက ပုံမှန်အတိုင်းပါပဲ။ နောက်ပိုင်း မော်လမြိုင်လမ်းပိုင်းအတွက်ပါ တွဲတွေထပ်တိုးဖို့ရှိတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် လိုအပ်သလို ထည့်သွင်းပြေးဆွဲနိုင်ရန် ကိုရီးယားနိုင်ငံချေးငွေဖြင့် ကိုရီးယားနိုင်ငံထုတ် ရထားတွဲဆိုင်း ၁၀၀ ဝယ်ယူရန် နှစ်နိုင်ငံအစိုးရ သဘောတူလက်မှတ် ရေးထိုးပြီးဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာမီးရထားထံမှ သိရသည်။

J-06

  • VIA