News

POST TYPE

NEWS

စလစ် အရောင်းအဝယ်ရပ်
18-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ယာဉ်အိုယာဉ်ဟောင်း အစားထိုးယာဉ်များနှင့် အပ်ကုန်စနစ် (Consignment) အဖြစ် တင်သွင်းသည့် ယာဉ်များအနေနှင့် ဒီဇင်ဘာလ ၂၇ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ခြင်းကြောင့် စလစ်အရောင်းအဝယ် ရပ်တန့်နေကြောင်း မော်တော်ယာဉ်ဈေးကွက်အတွင်းမှ သိရသည်။

စလစ်ကပ်မော်တော်ယာဉ်များကို ကြိုတင်တင်သွင်းထားခြင်းကြောင့် ယခုအခါ စလစ်ကပ်၍ တင်သွင်းသူမရှိတော့သည့်အတွက် စလစ်အရောင်းအဝယ် ဖြစ်ပေါ်ခြင်းမရှိဘဲ အပ်ကားအဖြစ် အပ်နှံသူများလည်း မရှိကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များထံမှ သိရသည်။

“ကျွန်တော်တို့လည်း ဘာမှမလုပ်ဘူး။ စလစ်နဲ့ ပတ်သက်ပြီး ဘာမူဝါဒပြောင်းမလဲလို့ စောင့်နေတယ်” ဟု စလစ်ဝယ်ရောင်း ဦးမောင်မောင်ဇော်က ပြောဆိုသည်။

ယခုနှစ် မော်တော်ယာဉ်မူဝါဒဖြင့် ကားတင်သွင်းခွင့်လိုင်စင် လျှောက်ထားခွင့်ကို လူပုဂ္ဂိုလ်တစ်ဦးချင်း တင်သွင်းခွင့်ပါမစ် (Free Permit) နှင့် ကုမ္ပဏီလိုင်စင်ဆိုပါက ဒီဇင်ဘာလ ၁၅ ရက်နေ့အထိနှင့် စလစ်ကပ်နှင့် ကွန်ဆိုင်းမန့်လိုင်စင်များကို ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ လိုင်စင်လျှောက်ထားခွင့် ပြုမည်ဖြစ်ပြီး မူဝါဒသစ်ဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့မှစ၍ တင်သွင်းခွင့် လျှောက်ထားရမည်ဖြစ်သည်။

စလစ်ဈေးကွက်အတွင်း နောက်ဆုံး အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းမှာ နှစ် ၂၀ ယာဉ်အိုယာဉ်ဟောင်း တစ်စီးလျှင် ကျပ်သိန်း ၁၂၀ ခန့်၊ နှစ် ၂၀ အမည်မပေါက်သည့် စလစ်တစ်စောင်လျှင် ကျပ် ၁၂၃ သိန်းခန့်နှင့် နှစ် ၂၀ အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ် ၁၂၅ သိန်းခန့် ဈေးရှိကြောင်း မော်တော်ယာဉ်ဈေးကွက်အတွင်းမှ သိရသည်။

S-04

  • VIA