News

POST TYPE

NEWS

နန်စီပွန်ကျေးရွာတွင် ကျောက်မျက်ရှာဖွေရောင်းဝယ်သူ ၇ ဦး ထောင်ဒဏ်ချမှတ်ခံရ
15-Dec-2017


မန္တလေး၊ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် နန်စီပွန်ကျေးရွာတွင် ကျောက်မျက်ရှာဖွေရောင်းဝယ်သဖြင့် ကျောက်မျက်ပုဒ်မဖြင့် ဖမ်းဆီးခံထားရသော ၁၁ ဦးအနက် ၇ ဦးကို ခန္တီးမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်စီ ချမှတ်လိုက်ကြောင်း ခန္တီးမြို့မစခန်းမှူး၊ ဒုရဲမှူးလှတင့်က ပြောကြားသည်။

ယင်းပြစ်ဒဏ်ကျခံရသူ ခုနစ်ဦးမှာ သန်းစိန်၊ ကြာပွင့် (ခ) အိုက်လင်း၊ ဇော်လွင်၊ သန်းဝင်း၊ ဂျိုးဇက် (ခ) မောင်မောင်၊ ချစ်ဖွယ်ငြိမ်း (ခ) ချစ်ဖွယ်၊ ဉာဏ်ထွန်းအောင်တို့ဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး  ဦးကျော်ဝေ၊ ဦးအဲထူး၊ ဦးမိုးမင်းဝင်း၊ ဒေါ်လီလီမြင့်တို့ ၄ ဦးကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယင်းပြစ်ဒဏ်ကျခံရသူများကို ခန္တီးမြို့နယ် နန်စီပွန်ကျေးရွာတွင် မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေသော်လည်း မတွေ့ရှိဘဲ ကျောက်မျက် လက်ဝယ်တွေ့ရှိမှုဖြင့် အထူးအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း နန်စီပွန်ဒေသခံများက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုတိယရဲတပ်ဖွဲ့မှူးအပါအဝင် အထူးရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၃ နာရီခန့်က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝေအပါအဝင် ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း၊ ယင်းဖမ်းဆီးခံထားရသူ ၁၁ ဦးထံမှ ကျောက်မျက်ကျောက်စိမ်း ၄၅၆ ကီလိုဂရမ်နှင့် ငွေကျပ်သိန်း ၉၀၀ ဖမ်းဆီးရမိပြီး ၎င်းတို့ကို ခန္တီးမြို့မရဲစခန်းတွင် ကျောက်မျက်ပုဒ်မ ၄၂(က)/၄၄ အရ အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ခန္တီးမြို့မရဲစခန်းထံမှ သိရသည်။

ခန္တီးမြို့နယ် နန်စီပွန်ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံ ၁၁ ဦး ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက မြို့မကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သေးသည်။

M-01

  • VIA