News

POST TYPE

NEWS

S-400 လေကြောင်းရန် ကာကွယ်ရေးစနစ် ဝယ်ယူရေး ရုရှားနှင့်တူရကီ အပြီးသတ်ဆွေးနွေးမည်
13-Dec-2017


အန်ကာရာ၊ ဒီဇင်ဘာ ၁၂

ရုရှား နိုင်ငံထုတ် S-400 အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေးစနစ် ဝယ်ယူရေး လာမည့်ရက်သတ္တပတ်အတွင်း ရုရှားနှင့်တူရကီနိုင်ငံတို့ အပြီးသတ် ဆွေးနွေးမည်ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ရုရှားထုတ် လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဝယ်ယူရေး တူရကီနိုင်ငံ တစ်နှစ်ကျော်ကြာ ကြိုးပမ်းလျက်ရှိသော်လည်း ရုရှားစနစ်သည် နေတိုးစစ်အုပ်စု၏ ကာကွယ်ရေးစနစ်တွင်း ပေါင်းစည်းနိုင်ခြင်း မရှိခြင်းကြောင့် အမေရိကန်နှင့်တူရကီ၏ နေတိုးမဟာမိတ်များက လိုလားခြင်း မရှိပေ။

သို့သော်လည်း S-400 စနစ် ၂ ခု ဝယ်ယူရန် စီစဉ်ထားကြောင်း ၂၀၁၉ ခုနှစ်တွင် ပထမဆုံးသော S-400 လေကြောင်းရန် ကာကွယ်ရေးစနစ် ရရှိလိမ့်မည်ဖြစ်ကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ကာနီကလီက ပြောကြားထားသည်။

“လာမည့် ရက်သတ္တတစ်ပတ်မှာ ကျွန်တော်တို့အရာရှိတွေ တွေ့ဆုံပြီး S-400 အရေး အပြီးသတ်မှာပါ”ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်အတူ လုပ်ဆောင်သည့် သတင်းစာရှင်းလင်းပွဲတွင် တူရကီသမ္မတ အာဒိုဂန်က ပြောကြားသွားသည်။

တူရကီနိုင်ငံသည် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ တင့်ကားများ၊ မောင်းသူမဲ့ လေယာဉ်များအပါအဝင် လက်နက်စနစ်မျိုးစုံကို ထုတ်လုပ်နိုင်ရန်လည်း ကြိုးပမ်းလျက်ရှိသည်။

S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်သည် ကီလိုမီတာ ၄၀ဝ အကွာရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်ပြီး တူရကီအပါအဝင် ဆော်ဒီနှင့်ဘီလာရုနိုင်ငံတို့က ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိသည်။

F-05

  • VIA