News

POST TYPE

NEWS

ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ဖမ်းဆီး
13-Dec-2017 tagged as သတင်းမီဒီယာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းတွင် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးကို ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ (၃) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“မနေ့ညက အဖမ်းခံရတယ်လို့ ကြားသိခဲ့ရတယ်။ လက်ရှိအချိန်ထိတော့ သက်ဆိုင်ရာ သတင်းဌာနနဲ့ ရဲတပ်ဖွဲ့ဘက်က ကျွန်တော်တို့ဆီ လာမဆက်သွယ်သေးဘူး”ဟု သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောသည်။

သတင်းထောက် နှစ်ဦး ဖမ်းဆီးအရေးယူခံရမှုနှင့်ပတ်သက်၍ MJN နှင့် အခြားအဖွဲ့အစည်းများကို ဆက်သွယ်နေပြီး သဘောထား ထုတ်ပြန်ချက်ကို ယခုညနေ ထုတ်ပြန်နိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်ထံမှ သိရသည်။

S-03