News

POST TYPE

NEWS

မဟာမုနိဘုရားရှိ ပျံကျဈေးသည်များကို ယနေ့ဖယ်ရှားမည်
11-Dec-2017


မန္တလေး၊ ဒီဇင်ဘာ ၁၁

မန္တလေးမြို့တော်၏ အထင်ကရ ဘုရားတစ်ဆူဖြစ်သော မဟာမုနိ ရုပ်ရှင်တော်မြတ် အရှေ့ဘက်မုခ် ပတ်ဝန်းကျင်ရှိ ပျံကျဈေးသည်များကို ယနေ့ (ဒီဇင်ဘာလ ၁၂ ရက်နေ့) ဖယ်ရှားရှင်းလင်းမည်ဖြစ်ကြောင်း ယင်းဘုရားဂေါပကအဖွဲ့နှင့် ဈေးသည်များထံမှ သိရသည်။

မဟာမုနိဘုရားမျက်နှာစာ သာယာလှပစေရန်နှင့် လမ်းသွားလမ်းလာများ သွားလာမှု အဆင်ပြေစေရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ ဖယ်ရှားခံရမည့် ပျံကျဈေးသည်များအနက် အချို့ကို လိပ်ကန်၏အရှေ့ဘက်တွင် နေရာချထားပေးမည်ဖြစ်ကြောင်း မဟာမုနိဘုရားဂေါပက အဖွဲ့ဝင် ဦးသန်းလွင်က ပြောကြားသည်။

မဟာမုနိဘုရားကြီးနယ်မြေ အရှေ့ဘက်မုခ်ဦး ပတ်ဝန်းကျင်တွင် ပျံကျဈေးသည် ၃၀ ဦးခန့်ရှိရာ ယင်းဈေးသည်များအနေနှင့် ဒီဇင်ဘာ ၁၂ ရက်နေ့အပြီး ဖယ်ရှားပေးရမည်ဖြစ်ကြောင်း ဈေးသည်များထံမှ သိရသည်။ 

“ကျွန်မတို့အနေနဲ့က အရှေ့ဘက်မုခ်မှာ ဈေးရောင်းလာတာ ၁၅ နှစ်လောက်ရှိနေပြီ။ တစ်ရက်ကို အကြမ်းဖျင်း သုံးသောင်းဖိုးလောက် ရောင်းရတယ်။ လိပ်ကန်ဘက်ကို ပြောင်းရမယ်ဆိုရင် ဒီလောက် မရောင်းရမှာ စိုးရိမ်တယ်။ နေရာပြောင်းဖို့အတွက် မဲနှိုက်ပြီးသွားပါပြီ”ဟု အရှေ့ဘက်မုခ်အနီးတွင် အချဉ်ပေါင်းရောင်းချနေသူတစ်ဦးက ပြောကြားသည်။ 

M-05

  • VIA