News

POST TYPE

NEWS

Brand က တက္ကသိုလ်ဝင်စာမေးပွဲဖြေမည့် ကျောင်းသားများအတွက် စာသင်ပွဲပြုလုပ်
07-Dec-2017 tagged as ပညာရေး

ရန်ကုန်၊ ဒီဇင်ဘာ ၆

Brand ကြက်ပေါင်းရည်ကုမ္ပဏီက စတုတ္ထအကြိမ်မြောက် “Brand Brain Study Camp IV” ကို ၂၀၁၈ ခုနှစ် မတ်လအတွင်းစာမေးပွဲဖြေဆိုမည့် တက္ကသိုလ်ဝင် ကျောင်းသား၊ ကျောင်းသူများအတွက် စာသင်ပွဲကိုပြုလုပ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

အဆိုပါပွဲကို ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းနှင့် ဂန္ဓာမာလမ်းထောင့်ရှိ Gandamar Wholesale တွင် ဒီဇင်ဘာ ၆ ရက်နေ့ကပြုလုပ်ခဲ့ပြီး ယင်းပွဲသို့မလာရောက်နိုင်ခဲ့သည့် နယ်ဒေသများမှ ကျောင်းသား/သူများအတွက် Brand ကြက်ပေါင်းရည် ၁၄ ဘူးပါဝင်သည့် “Special Pack For the Exam” အတွင်း၌  “Brand Brain Study Camp IV” တွင် သင်ကြားပို့ချပေးခဲ့သည့် ဆရာ၊ ဆရာမများ၏ ကိုင်တိုင်ရေးသားပြုစုထားသည့် စာမေးပွဲ လမ်းညွှန်စာအုပ်ကို ထည့်သွင်းပေးထားပြီး အမြို့မြို့အနယ်နယ်ရှိ စတိုးဆိုင်ကြီးများနှင့် စူပါမားကက်များတွင် ဝယ်ယူနိုင်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

အဆိုပါ စာသင်ပွဲကို Brand က ၂၀၁၄-၁၅ ပညာသင်နှစ်မှ စတင် ကျင်းပခဲ့ပြီး ယင်းနှစ်က ကျောင်းသား/သူ ၇၅၂၊ တက်ရောက်ရာတွင် အောက်ချက် ၅၃ ရာခိုင်နှုန်း၊ ၂၀၁၅-၁၆ တွင် ကျောင်းသား/သူ ၁၁၀၆ ဦးတက်ရောက်ခဲ့ရာမှ အောင်ချက် ၅၉ ရာခိုင်နှုန်းနှင့် ၂၀၁၆-၁၇ ပညာသင်နှစ်က ၁၂၀၅ တက်ရောက်ခဲ့ရာမှ အောင်ချက် ၅၆ ရာခိုင်နှုန်းထိ ရှိခဲ့သည်။

S-04