News

POST TYPE

NEWS

သရုပ်ဆောင်နေမင်း မောင်းလာသော ယာဉ်အတိုက်ခံရ၊ ယာဉ်ငါးစီးဆင့်တိုက်
24-Nov-2017 tagged as ယာဉ်တိုက်မှု

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ကမ္ဘာအေးဘုရားလမ်းရှိ အင်းလျားလိပ်ဟိုတယ်လမ်းဆုံ မီးပွိုင့်အနီးတွင် နိုဝင်ဘာလ ၂၂ ရက် ည ၁၀ နာရီဝန်းကျင်က သရုပ်ဆောင်နေမင်း မောင်းလာသည့် Alphard ယာဉ်အပါအဝင် ယာဉ်လေးစီးကို  တစ်ဖက်ယာဉ်ကြောမှ မောင်းလာသည့် ကိုယ်ပိုင်ယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဖြစ်ပြီး ဝင်တိုက်မိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

တာမွေမြို့နယ် နတ်မောက်ရပ်ကွက်တွင် နေထိုင်သော အသက် ၂၇ နှစ် ကိုထက်မြတ်အောင်ဆင့် မောင်းလာသည့် Toyota Vitz အမျိုးအစားယာဉ်မှာ ကမ္ဘာအေးဘုရားလမ်း အင်းလျားလိပ်ဟိုတယ် လမ်းဆုံမီးပွိုင့်အလွန်တွင် အရှိန်မထိန်းနိုင်ဖြစ်ပြီး တစ်ဖက်ယာဉ်ကြောရှိ ပရိုဘောက် အငှားယာဉ်တစ်စီး၊ သရုပ်ဆောင် နေမင်း မောင်းလာသည့် Alphard ယာဉ်တစ်စီး၊ Honda Fit ယာဉ်တစ်စီးနှင့် Toyota Prote ယာဉ်တစ်စီးကို ဆင့်တိုက်မိခဲ့ခြင်းဖြစ်သည်။ 

“ဂျာမနီ နိုင်ငံသားတစ်ယောက် အပါ လူငါးယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ နေမင်းက ဘာမှထိခိုက်ဒဏ်ရာ မရလိုက်ပါဘူး”ဟု ရဲအရာရှိက ပြောကြားသည်။ 

ယာဉ်လေးစီးကို ဆင့်တိုက်မိခဲ့သော ယာဉ်မောင်း ကိုထက်မြတ်အောင်ဆင့်ကို ရန်ကင်းမြို့မ ရဲစခန်းက ယာဉ် (ပ)၃၄ / ၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၇ / ၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03