News

POST TYPE

NEWS

ကားဘရိတ်​အုပ်​ရာမှ အက်​ဆစ်​ပုံးများ ပြုတ်​ကျပြီး နှစ်​ဦး ဒဏ်​ရာရ
24-Nov-2017 tagged as တောင်ငူ


တောင်​ငူ၊ နိုဝင်​ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဇေယျဝတီမြို့ ရန်​ကုန်​-မန္တလေးလမ်း​ဟောင်း​​ပေါ်တွင်​ နိုဝင်​ဘာလ ၂၃ ရက် ညနေ ၃ နာရီ​​ကျော်​ခန့်​က ​ကြေးစင်​​တောင်​သို့ အက်​ဆစ်​ပုံးများ ပို့ရန်​သွားသည့်​ ကုန်​တင်ယာဉ်​တစ်​စင်း ဘရိတ်​အုပ်​ရာမှ အက်​ဆစ်​ပုံးများ ပြုတ်​ကျ၍​ ​နှစ်​ဦး ထိခိုက်​ဒဏ်​ရာ ရရှိခဲ့သည်​ဟု​ ဇေယျဝတီ နယ်​​မြေရဲစခန်းမှစုံစမ်းသိရှိရသည်​။

“ကားက ရန်​ကုန်​ဘက်​က​နေ ​တောင်​ငူဘက်​ကို အလာမှာ ရုတ်​တရက်​ ဘရိတ်​အုပ်​လိုက်​ချိန်​ ​အက်​ဆစ်​ပုံး​တွေ ပြုတ်​ကျခဲ့တာပါ။ ကား​နောက်​က လိုက်​လာတဲ့ ဆိုင်​ကယ်​သမား လင်​မယား​ပေါ် ပြုတ်​ကျခဲ့လို့ အက်​ဆစ်​​လောင်​ပြီး ဒဏ်​ရာရတာ ပြင်းထန်​လို့ ရန်​ကုန်​မြို့ ဆေးရုံကြီးကို လွှဲပြောင်းကုသ​နေတယ်​”ဟု ​ဇေယျဝတီမြို့ခံ ဦးစိုးသက်​​အောင်​က ​ပြောကြားသည်​။

အဆိုပါ​နေ့ ည​နေ ၃ နာရီ​ကျော်​ခန့်​က ​ဇေယျဝတီမြို့ ရန်​ကုန်​-မန္တလေး လမ်း​ဟောင်းအတိုင်း ရန်​ကုန်​မြို့မှ​ကြေးစင်​​တောင်​သို့ ဆာလဖြူရစ်​ အက်​ဆစ်​ပုံးများ ပို့​ဆောင်​ရန်​ ​မောင်းနင်​လာသည့် ၁၈ ဘီးတွဲ ကုန်​တင်​ယာဉ်​သည်​ ​သွင်​ထူးဆီဆိုင်​​ရှေ့သို့အ​ရောက်​ ဘရိတ်​အုပ်​ချိန်​ ကား​ပေါ် တင်​​ဆောင်​လာသည့်​ ဆာလာဖြူရစ်​ အက်​ဆစ်​ပုံများ ပြုတ်​ကျ​ပေါက်​ကွဲခဲ့ခြင်းဖြစ်ကာ ​နောက်​မှပါလာသည့်​ ဆိုင်​ကယ်​​​မောင်းနင်​လာ​သော ဇနီး​မောင်​နှံအ​ပေါ် အက်​ဆစ်​များ ထိမှန်​သွားခြင်းဖြစ်​သည်​ဟု ​ဇေယျဝတီ နယ်​​မြေရဲစခန်းမှ စုံစမ်းသိရှိရသည်​။

အဆိုပါ တွဲကုန်တင်ယာဉ်​​ကို အသက်​ ၃၉ နှစ်​အရွယ် ဦး​​အောင်​​ဇော်​​ဆိုသူ ​မောင်းနင်​လာခြင်းဖြစ်​ပြီး ကား​ပေါ်တွင်​ ဆာလဖြူရစ်​ အက်​ဆစ်​ပုံ ၁၉ ပုံးအနက်​ ၉ ပုံးပြုတ်​ကျ​ခဲ့ခြင်းဖြစ်​ပြီး အသက်​ ၄၁ နှစ်​အရွယ်​ ဦးရာစီကူးမားနှင့်​ အသက်​ ၃၇ နှစ်​အရွယ်​ ​ဒေါ်မာမီရားတို့ကို ဆာလဖျူရစ်အက်စစ်များ ဖိတ်စင် ထိမှန်ခဲ့သဖြင့် ဇေယျဝတီ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာမှ ရန်ကုန် ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်​နေရ​ကြောင်း ​ဇေယျဝတီ နယ်​​မြေရဲစခန်းမှူး ရဲအုပ်​မြင့်​ဟန်​က ​ပြောကြားသည်။ 

အဆိုပါ မ​တော်​တဆမှုနှင့်​ပတ်​သက်​ပြီး ယာဉ်​ကို ​မောင်းနှင်​လာသူ အသက်​ ၃၉ နှစ်​အရွယ်​ ဦး​အောင်​​ဇော်​ကို ဇေယျဝတီ နယ်မြေရဲစခန်းမှ ယာဉ်(ပ)၂၄၈/၂၀၁၇ ရာဇသတ်​ကြီးပုဒ်မ ၃၃၈/၂၈၄ ဖြင့်​ အမှုဖွင့်​လှစ်​ ဖမ်းဆီးစစ်​​ဆေး​နေသည်​ဟု အဆိုပါရဲစခန်းမှ စုံစမ်း သိရှိရသည်​။

R-15