News

POST TYPE

NEWS

တာချီလိတ်တွင် ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးများ ဖမ်းမိ

ကျိုင်းတုံ၊ နိုဝင်ဘာ ၁၉

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် ယမ်းခေါင်ရွာတွင် နိုဝင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက အမျိုးသားနှစ်ဦးထံမှ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့ မူးယစ်တပ်ဖွဲ့စု (၃၀)ထံမှ သိရှိရသည်။

အဆိုပါ ကျေးရွာမှ ဦးခေါ်ကေ (၅၈ နှစ်ခန့်) ၏ နေအိမ်ကိုရှာဖွေရာ ကျပ် ၁၂ သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူ ၇၆ ဒမသ ၄ ဂရမ်ခန့်နှင့် ကျပ် ၅၈ သိန်းခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၀၀ပြား တွေ့ရှိခဲ့သည်။ ထို့ပြင် မူးယစ်ဆေးဝါး သုံးစွဲရန် ဆိုင်ကယ်ဖြင့် ရောက်ရှိနေသည့် ဦးစိုင်းရှဲန် (၅၀ နှစ်)ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

ထို့ကြောင့် ဦးခေါ်ကေ၊ ဦးစိုင်းရှဲန်တို့ကို မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အရေးယူထားကြောင်း တာချီလိတ်မြို့မ ရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

R-16