News

POST TYPE

NEWS

လယ်ယာသုံးစက်များ ထောက်ပံ့ပေးရန် ဘူးသီးတောင်၊ မောင်တောဒေသခံများ တောင်းဆို
18-Nov-2017

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ဘူးသီးတောင်၊ မောင်တောမြို့နယ်မှ ဒေသခံများသည် လက်ယာသုံး စက်ကိရိယာများ လိုအပ်နေသဖြင့် ထောက်ပံ့ပေးရန် တောင်းဆိုကြောင်း လူသားချင်း စာနာထောက်ထားမှု ညှိနှိုင်းရေး လူငယ်အဖွဲ့ (HCYT) မှ လူငယ်တာဝန်ခံ ကိုထက်ပိုင်စိုးက ပြောကြားသည်။

“ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းတွေ ဝေငှရင်း လူဦးရေစာရင်းနဲ့ အခြေခံ လိုအပ်ချက် Base Need ကောက်ခံတယ်။ လောလောဆယ် စားသောက်ကုန်တွေ ပေးတယ်။ ရေရှည် အလုပ်လုပ်ကိုင်ဖို့ ရေရှည်ရပ်တည်ဖို့ စက်ပစ္စည်းတွေ၊ လယ်ယာသုံး စက်တွေ တောင်းဆိုကြတယ်”ဟု ၎င်းက ဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်မှစတင်ကာ အဆိုပါ ဒေသများသို့ သွားရောက်ခဲ့သည့် ကယ်ဆယ်ရေး ထောက်ပံ့ရေး လူငယ်များ၏ခရီးစဉ် ခြောက်ရက်မြောက်နေ့တွင် ဘူးသီးတောင် မြို့နယ်တွင် ကျေးရွာ ၁၃ ရွာနှင့် မောင်တောမြို့နယ်တွင် ကျေးရွာ ၁၅ ရွာသို့ ထောက်ပံ့ရေး ပစ္စည်းများကို ပေးအပ်ခဲ့ပြီး ဖြစ်သည်။

လူသားချင်း စာနာထောက်ထားမှု ညှိနှိုင်းရေးလူငယ်အဖွဲ့ (HCYT) သည် ဘူးသီးတောင်၊ မောင်တောဒေသအတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်ရန်ဖြစ်ပြီး ပြည်သူ့အတွက် ရက် ၂၀ စီမံကိန်းကို ဆောင်ရွက်ခြင်း ဖြစ်သည်။

J-18

  • VIA