News

POST TYPE

NEWS

ကျိုင်းတုံတွင် တစ်လအတွင်း စက်သုံးဆီ တစ်လီတာ ၇၅ ကျပ်တက်

ကျိုင်းတုံ၊ နိုဝင်ဘာ ၁၈ 

ထိုင်းနိုင်ငံမှ ဝယ်ယူ တင်သွင်းလာသည့် စက်သုံးဆီများကို သုံးစွဲနေရသော ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အောက်တိုဘာ လကုန်ပိုင်းကစတင်ကာ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာရာ တစ်လအတွင်း တစ်လီတာ ၇၅ ကျပ်မြင့်တက်ကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။ 

“ဒေါ်လာနဲ့ဝယ်ရတဲ့ ဆီဈေးက တက်တဲ့အပြင် ထိုင်းဘတ်ငွေဈေးက မြန်မာ ကျပ်ငွေဈေးထက် တက်နေလို့ ဒီကဆီဈေး တွေတက်ကုန်တာ၊ ဒီမှာက ဒေါ်လာဈေး တက်ရင် တစ်ခါနာတဲ့အပြင် ဘတ်ငွေဈေး တက်ရင် တစ်ခါနာမို့ နှစ်ခါနာဖြစ်နေရတယ်”ဟု စက်သုံးဆီအရောင်းဆိုင်ရှင် တစ်ဦးက ပြောကြားသည်။ 

ကျိုင်းတုံမြို့တွင် အောက်တိုဘာ လအတွင်းက ဒီဇယ်တစ်လီတာလျှင် ၈၀ဝ ကျပ်ကျော်ရှိပြီး ဓာတ်ဆီ တစ်လီတာလျှင် ၉၀ဝ ကျပ်ကျော်ရှိကြောင်း၊ နိုဝင်ဘာလ ဆန်းပိုင်းက စက်သုံးဆီဈေးနှုန်းများ နှစ်ကြိမ်မြင့်တက်ခဲ့ရာ လက်ရှိတွင် ဒီဇယ် တစ်လီတာလျှင် ၉၁၀ ကျပ်ရှိပြီး ဓာတ်ဆီ (ရိုးရိုး)တစ်လီတာလျှင် ၁၀၆၅ ကျပ်နှင့် ဓာတ်ဆီ(စပါယ်ရှယ်)တစ်လီတာလျှင် ၁၁၀ဝ ကျပ်ဖြင့် ရောင်းချနေကြောင်း ကျိုင်းတုံမြို့ ဒုတိယပြည်နယ် စားသုံးသူ ရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြည်ပစက်သုံးဆီ ဈေးနှုန်းသည် ယခုနှစ်စက အောက်တိန်း ၉၂ တစ်စည် လျှင် အမေရိကန်ဒေါ်လာ ၆၇ မှ ယခု ၇၃ ဒေါ်လာကျော်၊ အောက်တိန်း ၉၅ တစ်စည် လျှင် ၇၀ ဒေါ်လာမှ ယခု ၇၆ ဒေါ်လာ ကျော်၊ ဒီဇယ်တစ်စည်လျှင် ၆၆ ဒေါ်လာမှ ယခု ၇၃ ဒေါ်လာကျော်နှင့် အဆင့်မြင့်ဒီဇယ် တစ်စည်လျှင် ၆၇ ဒေါ်လာမှ ယခု ၇၄ ဒေါ်လာ ကျော်သို့ မြင့်တက်လာကြောင်း ယင်း ဈေးကွက်အတွင်းထံမှ သိရသည်။

R-16