News

POST TYPE

NEWS

ဒါဗင်ချီ၏ လက်ရာခရစ်တော် ပန်းချီကား ဒေါ်လာသန်း ၄၅၀ ဖြင့် လေလံတင် ရောင်းချနိုင်ခဲ့
17-Nov-2017 tagged as


နယူးယောက်၊ နိုဝင်ဘာ ၁၆

ကမ္ဘာကျော် အနုပညာရှင်ကြီး လီရိုနာဒိုဒါဗင်ချီ၏ အနုပညာလက်ရာ တစ်ခုဖြစ်သော ခရစ်တော် အမည်ရ ပန်းချီကားကို နယူးယောက်မြို့တွင် ဒေါ်လာသန်း ၄၅၀ ဖြင့် စံချိန်တင် ရောင်းချနိုင်ခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

သက်တမ်း ၅၀ဝ ရှိပြီဖြစ်သည့် အဆိုပါ ခရစ်တော် အမည်ရပန်းချီကားကို SalvatorMundi (ကမ္ဘာကြီးကို ကယ်တင်သူ) ဟုလည်းခေါ်ကြောင်း သတင်းက ဆိုသည်။ 

နယူးယောက်မြို့ Christie လေလံ ခန်းမတွင် ယမန်နေ့က အဆိုပါ ပန်းချီကားကို ဒေါ်လာသန်း ၄၅၀ ဖြင့် လေလံအောင်သွားရာ ပန်းချီ အနုပညာ လောကအတွက် အံ့မခန်း ဈေးနှုန်းဖြင့် စံချိန်တင် ရောင်းချနိုင်ခြင်းဖြစ်သည်။ 

၁၅၁၉ ခုနှစ်တွင် ကွယ်လွန်ခဲ့သည့် ကမ္ဘာကျော် အနုပညာရှင်ကြီး လီယိုနာဒို ဒါဗင်ချီ၏ ပန်းချီကားများမှာ ယခုအခါ ကား ၂၀ မျှသာ ကျန်ရှိတော့သည်။ 

လီယိုနာဒိုဒါဗင်ချီ Salvator Mundi ပန်းချီကားကို ၁၅၀၅ ခုနှစ်တွင် ရေးဆွဲခဲ့သည်ဟု ယုံကြည်ရပြီး ယင်းပန်းချီကားသည် ပုဂ္ဂလိကပိုင် လက်ဝယ်ရှိသော ဒါဗင်ချီ၏ တစ်ခုတည်းသော ပန်းချီကားချပ်ဖြစ်ဟန်ရှိသည်။ 

ယင်းပန်းချီကားကို ဒေါ်လာသန်း ၁၀ဝ ဖြင့် လေလံစဖွင့်ခဲ့ရာ နောက်ဆုံး ခေါ်ဈေးမှာ သန်း ၄၀ဝ သို့ ရောက်သွားခဲ့သည်။ ထို့နောက် အပြိုင်လေလံဆွဲရာမှ  ဒေါ်လာ ၄၅၀ ဒသမ ၃ သန်းထိရရှိခဲ့ခြင်းဖြစ်သည်။ အမည်မဖော်လိုသူ ဝယ်လက်တစ်ဦးက တယ်လီဖုန်းမှတစ်ဆင့် လေလံအောင်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပန်းချီထဲတွင် ခရစ်တော်ကလက်တစ်ဖက်မြှောက်ပြထားပြီး ကျန်တစ်ဖက် က ဖန်ကမ္ဘာလုံးတစ်ခုကို ကိုင်ထားခြင်း ဖြစ်သည်။ 

မှတ်တမ်းများအရ ယင်းပန်းချီကား ကို လန်ဒန်မြို့တွင် ၁၉၅၈ ခုနှစ်က လေလံပစ် ခဲ့ရာ စတာလင်ပေါင် ၄၅ သာ ရရှိခဲ့သည်။ နောက်ပိုင်းတွင် လီယိုနာဒိုဒါဗင်ချီ၏ အနုပညာလက်ရာကို နှစ်သက်သူ ပန်းချီပရိသတ် များပြားလာသည်နှင့်အမျှ ယင်းပန်းချီမှာလည်း တဖြည်းဖြည်းချင်း လူသိများလာခဲ့သည်။ 

ယင်းပန်းချီကားသည် ၁၆၀ဝ ပြည့်နှစ်များအတွင်း အင်္ဂလန်ဘုရင် ချားလ်စ် ၁ ပိုင်ဆိုင်ခဲ့ပုံရပြီး ၂၀ဝ၅ ခုနှစ် အရောက်တွင် ပန်းချီအနုပညာလောကတွင် လူသိအများဆုံး ပန်ချီကားတစ်ချပ်ဖြစ်လာခဲ့သည်။ 

လေလံတင် ရောင်းချမှုမပြုမီ ခရစ် တော်ပန်းချီကားကို ရုရှားလူမျိုးပန်းချီစုဆောင်းသူ ဘီလီယံနာသူဌေး ဒီမစ်ထရီ ရိုဘိုလက်ဗ်က ပိုင်ဆိုင်ခဲ့သည်။ ၎င်းသည် အဆိုပါပန်းချီကားကို ၂၀၁၃ ခုနှစ်အတွင်း ပုဂ္ဂလိကပန်းချီပြခန်းတစ်ခုမှ ဒေါ်လာ ၁၂၇ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည် ဟုသိရသည်။

F-01

  • TAGS