News

POST TYPE

NEWS

ပြည်ပ အလုပ်အကိုင် ဥပဒေဖြင့် တရားစွဲဆိုမှု ယခင်နှစ်ထက်များ
ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းအတွင်း ပြည်ပအကျိုးဆောင် လိုင်စင်မရှိဘဲ ပြည်ပသို့ လုပ်သား ပို့ဆောင်သူများကို အရေးယူထားသည့် အမှုသည် ယခင်နှစ်ထက် များလာကြောင်း  လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဝေလွင်က ပြောကြားသည်။

၂၀၁၆ ခုနှစ်က ပြည်ပ အလုပ်အကိုင် ဥပဒေပုဒ်မ ၂၆ ဖြင့် အရေးယူထားသည့် အမှုပေါင်း ၂၁ မှုရှိပြီး၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ပြည်ပ အလုပ်အကိုင် ဥပဒေပုဒ်မ-၂၆ ဖြင့် တရားစွဲဆိုထားသည့် အမှုပေါင်း ၃၅ မှုရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်ပ အလုပ်အကိုင် ဥပဒေပုဒ်မ - ၂၆ အရ ထောင်ဒဏ် ခုနစ်နှစ်အထိ အများဆုံး ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ အမှုများတွင် လူကုန်ကူးမှု တားဆီးနှိမ်နင်း ရဲတပ်ဖွဲ့မှ တရားလိုလုပ်ကာ တရားစွဲဆိုထားသည့် အမှုများ ရှိသကဲ့သို့ ကာယကံရှင်က တရားလိုစွဲတိုင်ကြားထားသည့် အမှုများလည်းရှိကြောင်း ၎င်း၏ အဆိုအရ သိရသည်။

လက်ရှိတွင် ပွဲစားများက ထိုင်း၊ မလေး၊ ဂျပန်၊ ထိုင်ဝမ်နိုင်ငံများသို့ ပြည်ပ အကျိုးဆောင်လိုင်စင် မရှိဘဲ လူစုဆောင်း ပို့ဆောင်နေမှုများလည်းရှိကြောင်း ပြည်ပ အလုပ်အကိုင် ဈေးကွက်ထံမှ သိရသည်။

J-18