News

POST TYPE

NEWS

လမ်းဘေးကျောက်ပုံတွင် ဝှက်ထားသော ပုလင်းအတွင်းမှ စိတ်ကြွဆေးပြား ၂၀ဝ ကျော် သိမ်းဆည်းရမိ
17-Nov-2017

မိတ္ထီလာ၊ နိုဝင်ဘာ ၁၆

သာစည်မြို့နယ် မီးရထားသံလမ်းဘေးရှိ ကျောက်ပုံအတွင်း အမျိုးသားတစ်ဦး ဝှက်ထားခဲ့သော ပုလင်းကို စစ်ဆေးရာမှ ပန်းရောင် စိတ်ကြွဆေးပြား ၂၀ဝ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း နယ်မြေခံ ရဲစခန်းထံမှ သိရသည်။

မူးယစ်တပ်ဖွဲ့စု (၁၈) မန္တလေးနှင့် သာစည်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက သာစည်မြို့နယ် ကျွဲတပ်ဆုံ တိုးဂိတ်တွင် ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် တောင်ကြီးဘက်မှ သာစည်ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်စီး အမျိုးသားက သံလမ်းမြောက်ဘက် ကားလမ်းဘေး ကျောက်ပုံအတွင်း ပုလင်းငယ်တစ်လုံး ဝှက်ထားခဲ့၍ တောင်ကြီးဘက် ပြန်မောင်းသွားသည်ကို တွေ့ရကြောင်း သံလမ်းကူး ဂိတ်စောင့် ဦးအောင်လွင်က သတင်းပေးခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များ သွားရောက် ရှာဖွေရာ အနက်ရောင် တိပ်ပတ်ထားသော ဖန်ပုလင်းအတွင်းမှ WY အမှတ် တံဆိပ်ပါ စိတ်ကြွဆေးပြားဟု ယူဆရသော လိမ္မော်ရောင် ဆေးပြား ၂၁၀ ကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

လက်ရှိတွင် ထွက်ပြေး တိမ်းရှောင်သွားသော အသက် ၄၀ ဝန်းကျင်အရွယ် အရပ် ငါးပေ လေးလက်မခန့်ရှိသော အမျိုးသားကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိပြီး နယ်မြေခံ မြို့မရဲစခန်း က မယ(ပ) ၂၃/၂၀၁၇၊ မူးစိတ်ပုဒ်မ  ၁၅/၁၉(က) ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-01

  • VIA