News

POST TYPE

NEWS

ရွှေဘုံသာလမ်းဈေးသည်များ ကမ်းနားည​ဈေးသို့ နိုဝင်ဘာ ၁၅ ရက် ပြောင်းရွှေ့မည်
12-Nov-2017 tagged as ရန်ကုန်


ရန်ကုန်၊ နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းတွင် ဖွင့်လှစ် ရောင်းချနေသော လမ်းဘေး ဈေးသည်များသည် နိုဝင်ဘာလ ၁၅ ရက်မှစ၍ ကမ်းနားလမ်း ညဈေးသို့ ပြောင်းရွှေ့ ပေးရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရွှေဘုံသာလမ်းရှိ ဈေးသည် ၃၀ဝ ကျော်ကို လုပ်ငန်း၊ ရောင်းကုန် အမျိုးအစား ခွဲပြီး ပန်းဆိုးတန်းနှင့် ဆူးလေဘုရားလမ်းကြားရှိ ကမ်းနားလမ်း မြေနေရာသို့ ရွှေ့ပြောင်းပေးမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“ဈေးသည်တွေကို မဲနှိုက်တာပြီးလို့ နေရာချတာတွေ လုပ်ပြီးပြီ။ ပထမ အောက်တိုဘာလ နောက်ဆုံးအပတ်မှာ ပြောင်းရွှေ့ဖို့ လုပ်ထားပေမယ့် တန်ဆောင်တိုင် ပွဲတော်တွေ ရှိနေတဲ့အတွက် အခုလ ၁၅ ရက်နေ့မှ ဈေးသည်တွေကို စတင် ရွှေ့ပြောင်းပြီး ရောင်းချခွင့်ပေးမယ်”ဟု ၎င်းကဆိုသည်။

ရွှေဘုံသာလမ်း လမ်းဘေးဈေးသည်များရှိရာ အရပ်အခေါ် ဘိန်းစားတန်း (သူခိုးတန်း) တွင် အီလက်​ထ​ရွန်နစ်​ ပစ္စည်းဟောင်းများ၊ ဖုန်းအဟောင်းများ၊ လူအသုံးအ​ဆောင်​ပစ္စည်း တစ်ပတ်နွမ်းများနှင့် မုန့်များကို ရောင်းချလျက်ရှိသည်။

ရန်ကုန် ညဈေးတန်းကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ၂၃ ရက်က စတင် ဖွင့်လှစ်ခဲ့ပြီး မြို့တွင်း လေးမြို့နယ်မှ လမ်းဘေးဈေးသည်များကို ညနေ ၃ နာရီမှ ည ၁၁ နာရီထိ ရောင်းချခွင့် ပေးထားသည်။

J-10