News

POST TYPE

NEWS

ဒုက္ခသည်များ ပြန်လည်လက်ခံရေး သဘောတူညီချက် ဘင်္ဂလားဒေ့ရှ်နှင့် လက်မှတ်ရေးထိုးနိုင်မည်ဟု သမ္မတရုံးဆို
11-Nov-2017 tagged as ရန်ကုန်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင်ခဲ့ရသော ဒုက္ခသည်များ ပြန်လည်လက်ခံရေး သဘောတူညီချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးခရီးစဉ်တွင် လက်မှတ်ရေးထိုးနိုင်မည်ဟု နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မြ. ဗဘိကူ ံေ်ေည ၾော့သသိ ဗူင ကို မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၆ ရက်တွင် လာရောက်ရန် ဖိတ်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာ လဆန်းပိုင်းက နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ရခိုင်ပြည်နယ်၌ နေထိုင်သူများကို ပြန်လည် လက်ခံရေးနှင့်ပတ်သက်၍ သဘောတူညီချက် မူကြမ်းတစ်ခုကို မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့ရာ မြန်မာအစိုးရက ပြင်ဆင်လိုသည့်အချက်များဖြင့် ဘင်္ဂလားဒေ့ရှ် အစိုးရထံ ပြန်လည် ပေးပို့ထားကြောင်း ဦးဇော်ဌေးက ဆိုသည်။

မြန်မာနိုင်ငံက ပြန်လည် ပြင်ဆင်ကာ ပေးပို့ထားသည့်အဆိုပါ သဘောတူညီချက် မူကြမ်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် သုံးသပ်နေပြီး ၎င်း၏မြန်မာ နိုင်ငံခရီးစဉ်တွင် လက်မှတ်ရေးထိုးနိုင်မည်ဟု ရည်မှန်းထားကြောင်း ၎င်းကဆိုသည်။

“အဲဒီခရီးစဉ်မှာ ဒီသဘောတူညီချက် မူကြမ်းကို နှစ်ဦးနှစ်ဖက် အပြီးသတ် ဆွေးနွေးပြီးတော့ လက်မှတ် ရေးထိုးနိုင်ဖို့ မျှော်မှန်း ထားတယ်။ ဖိတ်လည်း ဖိတ်ထားတယ်”ဟု ၎င်းကဆိုသည်။

စက်တင်ဘာလ ၁၉ ရက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံ၍ မိန့်ခွန်းပြောကြားရာတွင် အဆိုပါ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည်များကို ၁၉၉၃ခုနှစ် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘောတူညီချက်ဖြင့် ပြန်လည် လက်ခံသွားမည်ဟု ကြေညာခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းရှိ ပဋိပက္ခများကြောင့် ဒေသခံ လေးသိန်းကျော် အစုလိုက် အပြုံလိုက် တစ်ဖက်နိုင်ငံသို့ နေရပ် စွန့်ခွာ ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ပြောကြားထားသည်။

J-08