News

POST TYPE

NEWS

MNA လေကြောင်းလိုင်း ပြေးဆွဲချိန် ပြောင်းမည်
11-Nov-2017 tagged as ရန်ကုန်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရန်ကုန်-နေပြည်တော်-ရန်ကုန် ပျံသန်းပြေးဆွဲလျက်ရှိသော မြန်မာအမျိုးသားလေကြောင်းလိုင်း MNA မှ Boeing 737 လေယာဉ်ခရီးစဉ်သည် နိုဝင်ဘာလ ၂၄ ရက်မှစ၍ ပြေးဆွဲချိန် ပြောင်းလဲမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းထံမှ သိရသည်။

“နေ့တာတိုတဲ့ ဆောင်းရာသီကို ရောက်လာပြီဖြစ်လို့ အချိန်ကို စောပျံ သန်းချင်လို့ပါ။ MNA လေကြောင်းလိုင်းကို စီးနင်းတဲ့ ခရီးသည်တွေ အဆင်မပြေဖြစ်မှာစိုးလို့ ကြိုတင် သတိပေးတာပါ”ဟု မြန်မာ အမျိုးသားလေကြောင်းလိုင်း MNA မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခင် ပျံသန်းချိန်ထက် မိနစ် ၃၀ စော၍ ပျံသန်းမည်ဖြစ်ပြီး ရန်ကုန်မှ နေပြည်တော်သို့ ယခင် နံနက် ၇ နာရီ ၁၀ မိနစ်အစား နံနက် ၆ နာရီ မိနစ် ၃၀၊ နေပြည်တော်မှ ရန်ကုန်သို့ ယခင် နံနက် ၈ နာရီ ၁၅ မိနစ်အစား နံနက် ၇ နာရီ မိနစ် ၄၀ တွင် ပြောင်းလဲ ပြေးဆွဲမည်ဖြစ်သည်။

“ပျံသန်းချိန်ကို နောက်ပိုင်းမှာ ဘယ်လို ပြန်ပြောင်းမယ်ဆိုတာ ထပ်ပြီး အသိပေးမှာပါ”ဟု MNA မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ကို ၂၀၁၅ ခုနှစ်မှစ၍ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် စတင် ပျံသန်းပြေးဆွဲခဲ့သည်။

J-06